Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 17:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ယု ဒ လူ မျိုး တို့ မူ ကား၊ မ ရှု စိမ့် သ ဖြင့်၊ ယုတ် မာ သော အ ရပ် သား အ ချို့ ကို ခေါ်၍ မြို့ လုံး ကျွတ် စု ရုံး ထ ကြွ စေ ပြီး လျှင်၊ ယာ သုန့် အိမ် ကို စီး လျက် ပေါ လု နှင့် သိ လ တို့ ကို အ စု အ ရုံး အား ထုတ် ပေး ခြင်း ငှါ ရှာ ကြံ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သို့သော် ဂျူးလူမျိုး​တချို့​သည် မနာလို​သဖြင့် ဈေးအရပ်များ​ရှိ ဆိုးသွမ်းသူများ​ကို စုစည်း​၍ မြို့​ထဲ၌ ရုန်းရင်းဆန်ခတ်​ဖြစ်စေကြ၏။ ယာသုန်​၏​အိမ်​ကို​လည်း နိုင်ထက်စီးနင်းပြု​၍ ပေါလု​နှင့် သိလ​တို့​ကို လူများ​ရှေ့သို့ ဆွဲခေါ်လာ​ရန် ရှာဖွေကြလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 17:5
26 ပူးပေါင်းရင်းမြစ်များ  

သို့သော် ငါ​လဲ​သောအခါ သူ​တို့​သည် ဝမ်းမြောက်​လျက်​စုဝေး​ကြ​၏​။ ရန်ပြု​ရိုက်ပုတ်​သော​သူ​တို့​သည် ငါ့​တစ်ဖက်​၌​စုဝေး​ကြ​၏​။ ထို​သူ​တို့​ကို​လည်း ငါ​မ​သိ​ရ​။ သူ​တို့​သည် ငါ့​ကို​မ​ရပ်​မ​နား​ဆုတ်ဖြဲ​ကြ​၏​။


မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။


တည်ငြိမ်​သော​စိတ်နှလုံး​သည် ကိုယ်ခန္ဓာ​၏​အသက်​ဖြစ်​၏​။ မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ဆွေးမြည့်​စေ​တတ်​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။


ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။


ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။


သို့သော် မ​ယုံကြည်​သော​ဂျူး​လူမျိုး​တို့​သည် လူမျိုးခြား​တို့​ကို သွေးထိုး​လှုံ့ဆော်​၍ ညီအစ်ကို​တို့​အပေါ် မလိုမုန်းထား​စိတ် ဖြစ်ပေါ်​စေ​ကြ​၏။


သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။


သို့သော် သူ​တို့​ကို​မ​တွေ့​ကြ​သဖြင့် ယာသုန်​နှင့် ညီအစ်ကို​အချို့​တို့​ကို အာဏာပိုင်​များ​ထံသို့ ဆွဲခေါ်​သွား​ကာ “ကမ္ဘာ​လောက​ကို​မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် ဤ​အရပ်​သို့​လည်း ရောက်လာ​ကြ​၍


ယာသုန်​သည် သူ​တို့​ကို လက်ခံ​ထား​ပါ​သည်။ သူ​တို့​အားလုံး​သည် ယေရှု​ဟူသော​အခြား​ဘုရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီဇာ​ဧကရာဇ်​၏​အမိန့်​ကို ဆန့်ကျင်ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။


ယာသုန်​နှင့် အခြား​ညီအစ်ကို​တို့​ထံမှ အာမခံ​ငွေ​ကို​ယူ​ပြီးလျှင် သူ​တို့​ကို ပြန်လွှတ်​ကြ​၏။


သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်


ယနေ့​ဖြစ်​ခဲ့​သော​အမှု​နှင့်​ပတ်သက်၍ ခိုင်လုံ​သော​အကြောင်းပြ​ချက် တစ်စုံတစ်ခု​မျှ​မ​ရှိ​သောကြောင့် ငါ​တို့​သည် ဆူပူ​အုံကြွ​မှု​အတွက် စွဲဆို​ခံရ​မည်​ဟု​စိုးရိမ်​ရ​၏။ ငါ​တို့​သည် ဤ​ပူးပေါင်း​ကြံစည်​မှု​အတွက် ဖြေရှင်း​ချက်​ပေး​နိုင်​မည်​မ​ဟုတ်”​ဟု ဆို​လျက်


မျိုးနွယ်စု​ဖခင်​တို့​သည် ယောသပ်​ကို​မနာလို​သဖြင့် အီဂျစ်​ပြည်​သို့​ရောင်း​လိုက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၍


ငါ​၏​လုပ်ဖော်ဆောင်ဖက်​တိမောသေ၊ ငါ့​အမျိုးသား​ချင်း လုကိ၊ ယာသုန်​နှင့် သောသိပါတရု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။


အကြောင်းမူကား သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား၌ မနာလို​ခြင်း​နှင့်​ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာမန်​လူသား​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သောကြောင့်​မ​ဟုတ်​လော။


မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။


မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။


စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။


သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။


သို့မဟုတ် ကျမ်းစာ​က “ကိုယ်တော်​သည် ငါ​တို့​၌ ကိန်းဝပ်​စေ​တော်မူ​သော​ဝိညာဉ်​ကို သဝန်တို​သော​သဘော​ဖြင့် တောင့်တ​တော်မူ​၏”​ဟူ၍ အကြောင်းမဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သလော။


သူ​တို့​သည် ဗာလဗေရိတ်​ဝတ်ကျောင်း​ထဲမှ ငွေ​ခုနစ်ဆယ်​ရှယ်ကယ်​ကို အဘိမလက်​အား​ပေး​ရာ သူ​က ထို​ငွေ​ဖြင့် လူဆိုး​လူမိုက်​တို့​ကို ငှားရမ်း​၍ သူ့​နောက်​လိုက်​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ