အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
၂ ကော 6:18 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်”ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။ Garrad Bible သင် တို့ အ ဘ ဖြစ် မည်။ သင် တို့ လည်း ငါ့ သား သ မီး များ ဖြစ် ကြ လိမ့် မည် ဟု အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘုရား ဗျာ ဒိတ် တော် ရှိ ပြန် ၏။ Judson Bible သင်တို့၏အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီး ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ထို့နောက် ယာကုပ်က ယောသပ်အား “အနန္တတန်ခိုးရှင်ဘုရားသခင်သည် ခါနာန်ပြည်၊ လုဇမြို့၌ ငါ့အား ကိုယ်ထင်ရှားပြတော်မူ၍ ငါ့ကိုကောင်းချီးပေးလျက်
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ ငါ့မေတ္တာကရုဏာကို သင့်အလျင်ရှိခဲ့သောရှင်ဘုရင်ထံမှ ငါရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
သူတို့အမျိုးအနွယ်သည် ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ကြပြီး လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကိုပြောကြားလိမ့်မည်။
မြောက်အရပ်အား ‘ပေးလော့’၊ တောင်အရပ်အား ‘မထိန်းချုပ်ထားနှင့်’ဟု ငါဆိုမည်။ ဝေးသောအရပ်မှ ငါ့သားများနှင့် မြေကြီးစွန်းမှ ငါ့သမီးများကို ခေါ်ဆောင်ခဲ့လော့။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
ထာဝရဘုရားက “ထိုကာလ၌ ငါသည် အစ္စရေးမျိုးနွယ်စုအပေါင်းတို့၏ဘုရားဖြစ်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။
မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုမြို့၌ ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်တော်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်၏။
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။