ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
၂ ကော 4:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။ Common Language Bible သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။- Garrad Bible သို့ ရာ တွင် လွန် ကဲ သော ထို တန် ခိုး တော် သည် ငါ တို့ မှ မ ဟုတ်၊ ဘု ရား သ ခင် ပိုင် ရာ တော် ဖြစ် ကြောင်း ထင် ရှား စေ ရန် ဆို ခဲ့ သည့် ဘ ဏ္ဍာ တည် ရှိ သော ငါ တို့ သည် မြေ အိုး သ ဖွယ် ဖြစ် ကြ၏။ Judson Bible သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထွန်းလင်းနေသည့် ထိုရတနာသည် မြေအိုးသဖွယ်ဖြစ်သော ကျွန်ုပ်တို့ထဲ၌ ရှိ၏။ ဤသည်မှာ သတင်းကောင်း၏ကြီးမြတ်သောတန်ခိုးသည် ကျွန်ုပ်တို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။ |
ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
ဘုရားသခင်ရှေ့တော်တွင် သင်နှင့်အကျွန်ုပ်သည် အတူတူပင်ဖြစ်၏။ အကျွန်ုပ်ကိုလည်း မြေမှုန့်ဖြင့် ပုံဖော်ဖန်ဆင်းတော်မူခဲ့၏။
မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။
ရွှေစင်သဖွယ်အဖိုးတန်သော ဇိအုန်မြို့သားတို့ကို အိုးထိန်းသည်လက်ဖြင့်လုပ်သောမြေအိုးကဲ့သို့ ထင်မှတ်ကြလေပြီတကား။
ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဥစ္စာဘဏ္ဍာနှင့်တူ၏။ လူတစ်ဦးသည် ၎င်းကိုတွေ့သောအခါ ပြန်လည်ဝှက်ထားပြီးလျှင် ဝမ်းမြောက်စွာဖြင့်သွား၍ သူ၌ရှိသောအရာအားလုံးကိုရောင်းလျက် ထိုလယ်ကိုဝယ်လေ၏။
ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။
အကြောင်းမူကား “ပေါလု၏စာများသည် လေးနက်၍ ဩဇာပါသော်လည်း လူကိုယ်တိုင်တွေ့ရသောအခါ သူသည် အားနည်း၍ သူ၏အဟောအပြောသည်လည်း အထင်ကြီးဖွယ်မရှိ”ဟု ဆိုသောသူရှိ၏။
အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
ကျူးလွန်သောအပြစ်များ၌ သေနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ (သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရကြ၏။)
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
သင်တို့သည် ဗတ္တိဇံအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလျက် ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် ထိုသခင်နှင့်အတူ ထမြောက်စေခြင်းကိုခံရကြ၏။
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
သင်တို့တစ်ဦးစီသည် သန့်ရှင်းခြင်းနှင့်ဂုဏ်သရေရှိခြင်းတို့၌ မိမိကိုယ်ခန္ဓာအား မည်သို့ထိန်းသိမ်းရမည်ကို သိရှိ၍
ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။