Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 33:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဘုရားသခင်​ရှေ့​တော်​တွင် သင်​နှင့်​အကျွန်ုပ်​သည် အတူတူပင်​ဖြစ်​၏​။ အကျွန်ုပ်​ကို​လည်း မြေမှုန့်​ဖြင့် ပုံဖော်ဖန်ဆင်း​တော်မူ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အ ကျွန်ုပ် သည် ဘု ရား သ ခင် ရှေ့ တော် တွင် သင် နှင့် တူ၏။ နှစ် ဦး စ လုံး ပင် မြေ မှ နုတ် ယူ ရာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဘု​ရား​သ​ခင့်​ရှေ့​မှာ ငါ​သည်​သင်​နှင့်​တူ၏။ ငါ​သည်​လည်း မြေ​မှုန့်​ဖြင့် ဖန်​ဆင်း​တော်​မူ​ရာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 33:6
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။


သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ယာကုပ်​သည် ရာခေလ​ကို​အမျက်ထွက်​၍ “​သင်​၏​ဝမ်း​ထဲ၌ သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သော​ဘုရားသခင်​ကို ငါ​ကိုယ်စားပြု​နိုင်​သလော​”​ဟု ဆို​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​အား ရွှံ့စေး​ကဲ့သို့ ပုံသွင်း​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။ ယခု အကျွန်ုပ်​ကို မြေမှုန့်​ပြန်ဖြစ်​စေ​တော်မူ​မည်လော​။


သင်​တို့​၏​မှတ်သားစရာ​စကား​များ​သည် ပြာပုံ​စကားပုံ​မျှသာ​ဖြစ်​၏​။ သင်​တို့​ချေပ​သော​စကား​များ​သည်​လည်း ကွဲလွယ်​သော​မြေထည်​ကဲ့သို့​သာ​ဖြစ်​၏​။


ငါ​မူကား အနန္တတန်ခိုးရှင်​ကို​သာ လျှောက်တင်​လို​ပါ​၏​။ ဘုရားသခင်​ထံသို့​သာ လျှောက်လဲ​လို​ပါ​၏​။


သူ​သည် ကြွယ်ဝ​ချမ်းသာ​လျက်​နေ​စဉ်​မှာပင် ဒုက္ခရောက်​ရ​လိမ့်မည်​။ ဆင်းရဲဒုက္ခ​သည်​လည်း သူ့​ထံသို့ အစုလိုက်​အပြုံလိုက်​ရောက်လာ​လိမ့်မည်​။


ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။


မြေမှုန့်​တွင်​အုတ်မြစ်​ချ​ထား​သော​ရွှံ့​အိမ်​၌ နေထိုင်​ကြ​ပြီး ပိုးကောင်​ကဲ့သို့ အမှုန့်ချေ​၍​ရ​သော​သူ​တို့​ကို​မူ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။


သူ​သည် သင့်​ကိုယ်စား လူ​တို့​အား စကားပြော​မည်​။ သူ​သည် သင်​၏​နှုတ်​ကဲ့သို့​ဖြစ်​၍ သင်​သည် သူ​၏​ဘုရား​ကဲ့သို့​ဖြစ်​မည်​။


သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။


ယာယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေကြီး​အိမ်​သည် ပျက်စီး​သွား​လျှင် ကောင်းကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်ဆောက်၊ ဘုရားသခင်​တည်ဆောက်​တော်မူ​သော ထာဝရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ