၂ ကော 2:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။ Common Language Bible သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။ Garrad Bible ညီ တိ တု နှင့် မ ဆုံ မိ သော ကြောင့် စိ တ္တ သု ခ မ ရှိ သည် ဖြစ်၍ အ သင်း တော် ကို နှုတ် ဆက် ပြီး လျှင် မာ ကေ ဒေါ နိ ပြည် သို့ ထွက် သွား ရ၏။ Judson Bible ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကို အခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကျွန်ုပ်၏ညီ တိတု ရောက်မလာသေးသောကြောင့် ကျွန်ုပ်သည် စိတ်မသက်မသာဖြစ်ရ၏။ ထို့ကြောင့် ထိုသူတို့ကို နှုတ်ဆက်ပြီးလျှင် တိတုကို ရှာရန် မာကေဒေါနိပြည်သို့ ထွက်သွားရ၏။ |
လူတို့ကိုနှုတ်ဆက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်တော်မူ၏။
တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြ၍ ငါတို့သည် သင်္ဘောပေါ်သို့တက်ကာ သူတို့သည်မိမိတို့အိမ်သို့ ပြန်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်သားနှင့် အခါယပြည်သားတို့သည် ဂျေရုဆလင်မြို့၌ရှိသော သန့်ရှင်းသူများထဲမှ ဆင်းရဲသောသူတို့ကို ကူညီပံ့ပိုးပေးရန် စေတနာစိတ်ရှိကြ၏။
ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။
ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။
ငါသည် သင်တို့အကြောင်းကို တိတုအား အနည်းငယ်ဝါကြွားခဲ့သော်လည်း အရှက်မရခဲ့ပေ။ အကြောင်းမူကား သင်တို့အား ငါတို့ပြောခဲ့သောအရာအားလုံးတို့သည် ဟုတ်မှန်သည့်နည်းတူ တိတုကို ငါတို့ဝါကြွားထားသောအရာသည်လည်း ဟုတ်မှန်ကြောင်းထင်ရှားခဲ့ပြီ။
သင်တို့အပေါ် ငါထားရှိသော စိတ်အားထက်သန်မှုမျိုးကို တိတု၏စိတ်နှလုံးထဲ၌ ထည့်သွင်းပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။
ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။
ထို့နောက် တစ်ဆယ့်လေးနှစ်ကြာသောအခါ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားခဲ့၏။
သို့ရာတွင် ငါနှင့်အတူပါလာသောတိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းကို မခံခဲ့ရပေ။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
ငါသည် တူညီသောယုံကြည်ခြင်းအားဖြင့် စစ်မှန်သောငါ့သားဖြစ်သည့်တိတုထံသို့ ဤစာကို ရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။