Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 7:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ကြောင့် ငါ​တို့​သည် နှစ်သိမ့်​မှု​ကို​ခံစားရ​ကြ​၏။ ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​မှု​အပြင် တိတု​၏​စိတ်နှလုံး​သည် သင်​တို့​အားလုံး​ကြောင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​သည်​ဖြစ်၍ သူ​၏​ဝမ်းမြောက်​ခြင်း​ကြောင့် ငါ​တို့​သည် ပို၍​ဝမ်းမြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​အား​တက်​ကြ​၏။ ငါ​တို့​သည်​အား​တက်​ရုံ​သာ​မ​က၊ အ​လွန်​လည်း ဝမ်း​မြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​တိ​တု​အား​ရွှင်​လန်း​စေ​သ​ဖြင့်​သူ​သည် အ​လွန်​ဝမ်း​မြောက်​လျက်​ရှိ​သည်​ကို​ငါ​တို့​တွေ့​ရ သော​ကြောင့်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို ကြောင့် ငါ တို့ သည် နှစ် သိမ့် ရ ကြ ပြီ။ ထို သို့ နှစ် သိမ့် သည့် ပြင် သင် တို့ ရှိ သ မျှ ကြောင့် တိ တု စိတ် ချမ်း သာ ၍ ရွှင် လန်း သည့် အ တွက် ထပ် မံ ရွှင် လန်း ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​ကြောင့် သင်​တို့၏ သက်​သာ​ခြင်း​အ​ကြောင်း​အား​ဖြင့်၊ ငါ​တို့​သည်​လည်း သက်​သာ​ခြင်း​သို့​ရောက်​သည် သာ​မ​က၊ တိ​တု၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​အား​ဖြင့် သာ၍ အ​လွန်​ဝမ်း​မြောက်​ကြ၏။ သင်​တို့​ရှိ​သ​မျှ​သည် ထို​သူ၏​စိတ်​နှ​လုံး​ကို သက်​သာ​ဝမ်း​မြောက်​စေ​ကြ​သည် ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ဤ​အရာ​အားလုံး​ကြောင့် ကျွန်ုပ်တို့​အားရကြ၏။ ကျွန်ုပ်တို့​ရရှိသော ခွန်အား​အပြင် တိတု​သည် သင်တို့​အားဖြင့် ဝမ်းမြောက်ရသည်​ဖြစ်၍ သူ​၏ စိတ်နှလုံး​ရွှင်လန်းခြင်း​ကြောင့် ကျွန်ုပ်တို့​သည် ပို၍ ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 7:13
16 ပူးပေါင်းရင်းမြစ်များ  

ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ဝမ်းမြောက်​သော​စိတ်​နှင့် သင်​တို့​ထံသို့​ငါ​လာ​၍ သင်​တို့​နှင့်အတူ နှစ်သိမ့်​သက်သာ​ခြင်း​ကို​ခံစား​နိုင်​မည့်​အကြောင်း ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ကြ​လော့။


သို့ဖြစ်၍ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ဝေဒနာ​ခံစား​ရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ခံစား​ရ​ကြ​၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ချီးမြှောက်​ခြင်း​ခံရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ဝမ်းမြောက်​ကြ​၏။


သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယုံကြည်​ခြင်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့။ ရဲစွမ်းသတ္တိ​ရှိ​ကြ​လော့။ ကြံ့ခိုင်​သန်စွမ်း​ကြ​လော့။


ငါ​၏​စိတ်​ဝိညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိညာဉ်​တို့​အား ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​ကြ​၏။ သို့ဖြစ်၍ ထိုသို့သော​သူ​တို့​ကို အသိအမှတ်​ပြု​ကြ​လော့။


ငါ့​ညီ​တိတု​ကို​မ​တွေ့​ရ​သောကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင်​မာကေဒေါနိ​ပြည်​သို့ ငါ​ထွက်ခွာ​သွား​၏။


ငါ​လာ​သောအခါ ငါ့​ကို​ဝမ်းမြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်းနည်း​စေ​မည်​စိုး​၍ ဤ​အကြောင်းအရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်းမြောက်​ခြင်း​သည် သင်​တို့​ရှိသမျှ​၏​ဝမ်းမြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​လျက်​ရှိ​၏။


ငါ​သည် သင်​တို့​အကြောင်း​ကို တိတု​အား အနည်းငယ်​ဝါကြွား​ခဲ့​သော်လည်း အရှက်​မ​ရ​ခဲ့​ပေ။ အကြောင်းမူကား သင်​တို့​အား ငါ​တို့​ပြော​ခဲ့​သော​အရာ​အားလုံး​တို့​သည် ဟုတ်မှန်​သည့်​နည်းတူ တိတု​ကို ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည်​လည်း ဟုတ်မှန်​ကြောင်း​ထင်ရှား​ခဲ့​ပြီ။


တိတု​သည် သင်​တို့​အားလုံး​၏​နာခံ​မှု​နှင့် သင်​တို့​သည် သူ့​ကို​ကြောက်ရွံ့​တုန်လှုပ်​စွာ​ဖြင့် ကြိုဆို​လက်ခံ​ခဲ့​ကြောင်း​ကို သတိရ​သဖြင့် သင်​တို့​ကို ပို၍​ကြွယ်ဝ​စွာ​ချစ်ခင်​ကြင်နာ​လေ​၏။


သို့သော် အားငယ်​သော​သူ​တို့​ကို​နှစ်သိမ့်​တော်မူ​သော​ဘုရားသခင်​သည် တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့် ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။


ထို့ကြောင့် သင်​တို့​သည် သူ့​ကို တစ်ဖန်​တွေ့မြင်​၍ ဝမ်းမြောက်​ကြ​စေရန်​နှင့် ငါ​သည်​လည်း စိတ်​သက်သာ​ရာ​ရ​စေရန် သူ့​ကို မဆိုင်းမတွ​ငါ​စေလွှတ်​၏။


သခင်​ဘုရား​သည် ဩနေသိဖော်​၏​မိသားစု​အပေါ် ကရုဏာ​သက်​တော်မူ​ပါစေသော။ အဘယ်ကြောင့်​ဆိုသော် သူ​သည် ငါ့​ကို အကြိမ်ကြိမ်​နှစ်သိမ့်​လန်းဆန်း​စေ​ပြီး သံကြိုး​ဖြင့် ငါ​ချည်နှောင်​ထား​ခြင်း​ခံရ​သည်​ကို ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ


ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သခင်​ဘုရား​၌ သင့်​ထံမှ အကျိုးကျေးဇူး​ကို​ရရှိ​လို​ပါ​၏။ ခရစ်တော်​အားဖြင့် ငါ​၏​စိတ်နှလုံး​ကို ငြိမ်သက်​ချမ်းသာ​စေ​ပါ​လော့။


ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် သင်​တို့​အားလုံး တစ်စိတ်​တစ်သဘောတည်း​ရှိ​လျက် ကြင်နာ​တတ်​သော​သဘော၊ ညီအစ်ကို​ချင်း​ချစ်​တတ်​သော​သဘော၊ သနားစုံမက်​တတ်​သော​သဘော​နှင့် စိတ်​နှိမ့်ချ​သော​သဘော​ရှိ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ