၂ ကော 12:18 - မြန်မာ့စံမီသမ္မာကျမ်း18 ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible18 ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။ အခန်းကိုကြည့်ပါ။Garrad Bible18 ငါ နှိုး ဆော် ခဲ့ သူ တိ တု နှင့် တ ကွ ဆို ခဲ့ သော ညီ အစ် ကို ကို ငါ စေ လွှတ် ရာ တိ တု တင် စား သ လော။ ငါ တို့ သည် တစ် မျိုး တည်း သော သ ဘော၊ တစ် မျိုး တည်း သော ခြေ ရာ စဉ် များ၌ လျှောက် လိုက် ခဲ့ ကြ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible18 တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတစ်ယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည် မဟုတ်လော။ တစ်လမ်းတည်း လိုက်ကြသည် မဟုတ်လော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ကျွန်ုပ်သည် တိတုကို သင်တို့ထံ သွားရန် တိုက်တွန်း၍ သူနှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်ခဲ့၏။ တိတုသည် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် စိတ်သဘောချင်းတူ၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |