Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 4:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:10
32 ပူးပေါင်းရင်းမြစ်များ  

လူ့သား​အပေါ် ဆန့်ကျင်​သည့်​စကား​ကို​ပြောဆို​သော​သူ​သည် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဆန့်ကျင်​ပြောဆို​သော​သူ​သည် ယခု​ဘဝ​၌​ဖြစ်စေ၊ နောင်​ဘဝ​၌​ဖြစ်စေ ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။


သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။


ထိုနည်းတူ သင်​တို့​အားလုံး​သည်​လည်း မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို မ​စွန့်ခွာ​နိုင်​လျှင် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


မည်သည့်​အစေခံ​မျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။


လောတ​၏​ဇနီး​ကို​သတိရ​ကြ​လော့။


ပေါလု​နှင့်​သူ​၏​အပေါင်းအပါ​တို့​သည် ပါဖု​မြို့​မှ​ရွက်လွှင့်​၍ ပံဖုလိ​ပြည်၊ ပေရဂေ​မြို့​သို့​ရောက်​ကြ​၏။ ထိုအခါ ယောဟန်​သည် သူ​တို့​ထံမှ ခွဲခွာ​၍ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏။


သို့သော် ပေါလု​က ပံဖုလိ​ပြည်​တွင် သူ​တို့​ထံမှ ထွက်ခွာ​သွား​ပြီး အမှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်အတူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်သွား​သင့်​ဟု မှတ်ယူ​၏။


ထို့နောက် သူ​တို့​သည် ဖြူဂိ​ပြည်​နှင့်​ဂလာတိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သောအခါ အာရှ​ပြည်​တွင် နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ရန် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တားမြစ်​ခြင်း​ကို ခံရ​ကြ​၏။


ထို့နောက် ပေါလု​နှင့်​သိလ​တို့​သည် အံဖိပေါလိ​မြို့​နှင့်​အာပေါလောနိ​မြို့​တို့​ကို ဖြတ်​၍ သက်သာလောနိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ရှိ​၏။


ဗေရိ​မြို့သား​တို့​သည် သက်သာလောနိတ်​မြို့​၌​ရှိ​သော​သူ​တို့​ထက် စိတ်ထား​မြင့်မြတ်​ကြ​၏။ အကြောင်းမှာ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို စေတနာ​စိတ်​အပြည့်အဝ​ဖြင့် လက်ခံ​၍ ထို​အတိုင်း​ဟုတ်​၊ မ​ဟုတ် ကျမ်းစာ​ကို နေ့စဉ်​လေ့လာ​ကြ​၏။


သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။


သူ​သည် ထို​နေရာ​၌ အချိန်​အတန်ကြာ​နေ​ပြီးနောက် ပြန်လည်​ထွက်ခွာ​၍ ဂလာတိ​ပြည်​နှင့်​ဖြူဂိ​ပြည်​တို့​ကို အစဉ်လိုက်​လှည့်လည်​ကာ တပည့်​တော်​အားလုံး​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။


ငါ့​ညီ​တိတု​ကို​မ​တွေ့​ရ​သောကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင်​မာကေဒေါနိ​ပြည်​သို့ ငါ​ထွက်ခွာ​သွား​၏။


သို့သော် အားငယ်​သော​သူ​တို့​ကို​နှစ်သိမ့်​တော်မူ​သော​ဘုရားသခင်​သည် တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့် ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။


သင်​တို့​အပေါ် ငါ​ထားရှိ​သော စိတ်အား​ထက်သန်​မှု​မျိုး​ကို တိတု​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။


တိတု​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အပေါင်းအဖော်​ဖြစ်​ပြီး သင်​တို့​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အခြား​ညီအစ်ကို​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​တို့​သည် ခရစ်တော်​၏​ဘုန်း​အသရေ​တည်းဟူသော အသင်းတော်​များ​၏​စေတမန်​ဖြစ်​ကြ​၏။


ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။


ငါ​နှင့်အတူ​ရှိ​သော​ညီအစ်ကို​အပေါင်း​တို့​သည် ဂလာတိ​ပြည်​၌​ရှိ​သည့် အသင်းတော်​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


လူ​အပေါင်း​တို့​သည် ယေရှု​ခရစ်တော်​၏​အကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။


အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။


ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊


သင်​သိ​ထား​သည့်​အတိုင်း အာရှ​ပြည်​၌​ရှိ​သော​သူ​အားလုံး​တို့​သည် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖုဂေလု​နှင့်​ဟေရမောဂင်​တို့​လည်း​ပါ​၏။


ငါ​၏​အမှု​အတွက် ပထမ​အကြိမ်​ချေပ​ပြောဆို​ရာ​တွင် မည်သူမျှ ငါ့​ဘက်​၌​မ​နေ​ဘဲ အားလုံး​သည် ငါ့​ကို​စွန့်ပစ်​ကြ​၏။ ဤ​အမှုအရာ​ကြောင့် သူ​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါစေ​နှင့်။


ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။


ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် မာကု၊ အာရိတ္တာခု၊ ဒေမ​နှင့် လုကာ​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​ပါ​၏။


သူ​တို့​သည် ဖြောင့်တန်း​သော​လမ်း​ကို​စွန့်ခွာ​၍ လမ်းလွဲ​ကာ မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ကို​နှစ်သက်​သည့် ဗော်သော်​၏​သား ဗာလမ်​၏​လမ်းစဉ်​ကို​လိုက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ