Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သို့ ဖြစ်၍ ငါ တို့ သည် ထို သင်္ဂ ဟ ဝတ် ကို အ ထက် က လက် စ ပြု သူ တိ တု အား သင် တို့ ဘောင် တွင် အ ပြီး သတ် စေ မည့် အ ကြောင်း နှိုး ဆော် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​ကြောင့် တိ​တု​သည် သင်​တို့၌ အ​ဦး​ပြု​နှင့်​သ​ကဲ့​သို့ ထို​အ​လှူ​ကျေး​ဇူး​ကို ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် သူ့​ကို​တောင်း​ပန်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:6
12 ပူးပေါင်းရင်းမြစ်များ  

ယခု နှစ်​အတန်ကြာ​ပြီးနောက် အမျိုးသားချင်း​တို့​အား ပေးကမ်း​စွန့်ကြဲ​ရန်​နှင့် ပူဇော်သက္ကာ​များ​ဆက်ကပ်​ရန် အကျွန်ုပ်​ရောက်ရှိ​လာ​ပါ​သည်။


သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။


ငါ​သည် တိတု​ကို သင်​တို့​ထံသို့​လာ​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို​စေလွှတ်​ခဲ့​၏။ တိတု​သည် သင်​တို့​ကို အမြတ်​ထုတ်​ခဲ့​သလော။ ငါ​တို့​သည် တူညီ​သော​စိတ်သဘော​ဖြင့် ခြေရာ​တစ်ထပ်တည်း​လျှောက်လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။


ငါ့​ညီ​တိတု​ကို​မ​တွေ့​ရ​သောကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင်​မာကေဒေါနိ​ပြည်​သို့ ငါ​ထွက်ခွာ​သွား​၏။


ဤ​ကျေးဇူးပြု​ခြင်း​အမှု​နှင့်​ပတ်သက်၍ အကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အကြံ​ကား လွန်ခဲ့​သော​နှစ်​ကတည်းက ဤ​အမှု​ကို အစပြု​ခဲ့​သည်​သာမက ပြုလုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အတွက် အကျိုး​ရှိ​၏။


သခင်​ဘုရား​ကိုယ်တော်တိုင်​၏​ဘုန်း​တော်​နှင့် ငါ​တို့​၏​စေတနာ​စိတ်​တို့​ကို​ထင်ရှား​စေရန် ငါ​တို့​ပြုစု​နေ​သော ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌ ငါ​တို့​နှင့်အတူ​လိုက်ပါ​ရန် အသင်းတော်​များ​ထံမှ ခန့်ထား​ခြင်း​ခံရ​သူ​လည်း​ဖြစ်​၏။


တိတု​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အပေါင်းအဖော်​ဖြစ်​ပြီး သင်​တို့​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အခြား​ညီအစ်ကို​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​တို့​သည် ခရစ်တော်​၏​ဘုန်း​အသရေ​တည်းဟူသော အသင်းတော်​များ​၏​စေတမန်​ဖြစ်​ကြ​၏။


သန့်ရှင်း​သူ​တို့​အား ဝေမျှ​ခြင်း​အမှု​၌ ပါဝင်​ရ​သော​ကျေးဇူး​တော်​ကို​ခံစား​ရ​ရန် ငါ​တို့​ကို အနူးအညွတ်​မေတ္တာရပ်ခံ​၍ တောင်းပန်​ကြ​၏။


ထို့ကြောင့် သင်​တို့​ပေးလှူ​သော​အရာ​သည် အတင်း​ကောက်ခံ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ရက်ရော​စွာ​ပေးလှူ​သော​အရာ​အဖြစ် အသင့်​ရှိ​မည့်အကြောင်း ငါ​သည် ညီအစ်ကို​များ​ကို သင်​တို့​ထံသို့ ဦးစွာ​လာ​ရန် တိုက်တွန်း​၍ ယခင်​ကတည်းက သင်​တို့​ကတိ​ပေး​ထား​သည့် ရက်ရော​စွာ​ပေးလှူ​သော​အရာ​ကို သင်​တို့​အား​ကြိုတင်​ပြင်ဆင်​ထား​စေရန် လိုအပ်​သည်​ဟု ယူဆ​၏။


ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။


သင်​တို့​တစ်ဦးစီ​သည် မိမိ​ခံစား​ရရှိ​သည့်​ဆု​ကျေးဇူး​အလျောက် ဘုရားသခင်​၏​အမျိုးမျိုး​သော​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်း​သော​ဘဏ္ဍာစိုး​များ​ကဲ့သို့ ထို​ဆု​ကျေးဇူး​အားဖြင့် အချင်းချင်း​ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ