၂ ကော 13:7 - မြန်မာ့စံမီသမ္မာကျမ်း
သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။
အခန်းကိုကြည့်ပါ။
သင်တို့သည်ဒုစရိုက်ကိုရှောင်ကြဉ်ကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းပတ္ထနာ ပြု၏။ ဤသို့ပြုရခြင်းမှာငါတို့သည်မိမိ တို့ကိုယ်ကိုအောင်မြင်သူများဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်။ ငါတို့သည်မအောင် မြင်သူများဖြစ်ဟန်တူလျက်ပင်သင်တို့အား ကောင်းမြတ်သည့်အမှုကိုပြုကျင့်စေရန် ဆုတောင်းပတ္ထနာပြု၏။-
အခန်းကိုကြည့်ပါ။
အ ဆိုး ကို သင် တို့ မ ပြု ရ မည့် အ ကြောင်း ဘု ရား သ ခင့် ထံ ငါ တို့ ပ တ္ထ နာ ပြု ကြ သည် မှာ ငါ တို့ သည် စံ တော် မီ ကြောင်း ထင် ရှား စေ ရန် မ ဟုတ်၊ စံ တော် မ မီ ဟန် ရှိ လျက် ပင် သင် တို့ သည် ပါ ရ မီ ဖြည့် ကြ စေ ရန် တည်း။
အခန်းကိုကြည့်ပါ။
ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှာ၊ မကောင်းသောအကျင့် တစ်စုံတစ်ခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၏။-
အခန်းကိုကြည့်ပါ။
သင်တို့သည် မကောင်းသောအမှုကို မပြုမိစေရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်း၏။ ဤသို့ဆုတောင်းရခြင်းမှာ စစ်ဆေးခြင်းကို ကျွန်ုပ်တို့အောင်မြင်ကြောင်း ပေါ်လွင်စေလို၍ မဟုတ်ပါ။ ကျွန်ုပ်တို့သည် စစ်ဆေးခြင်းကို ကျရှုံးသောသူများကဲ့သို့ ဖြစ်နေလျှင်ပင် သင်တို့အား ကောင်းသောအမှုကို ပြုစေရန်ဖြစ်၏။
အခန်းကိုကြည့်ပါ။