Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​ကို​ဆန့်ကျင်​၍ မည်သည့်​အမှု​ကို​မျှ မ​ပြု​နိုင်​ကြ။ သမ္မာတရား​ဘက်​၌​နေ​၍​သာလျှင် ပြု​နိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ငါ​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​ဆန့်​ကျင်​၍ မည်​သည့်​အ​မှု​ကို​မျှ​မ​ပြု​နိုင်​ကြ။ သမ္မာ​တ​ရား တော်​ဘက်​မှ​နေ​၍​သာ​လျှင်​ပြု​နိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ တို့ သည် သ မ္မာ တ ရား ကို ဆန့် ကျင် လျက် မည် သည် ကို မျှ မ ပြု နိုင်။ သ မ္မာ တ ရား အ ဖို့ သာ ပြု ခွင့် ရှိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ဆီး​တား​ခြင်း​ငှာ အ​လျှင်း​မ​တတ်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကျွန်ုပ်တို့​သည် သမ္မာတရား​ကို ဆန့်ကျင်​၍ မည်သည့်​အမှု​ကိုမျှ မပြုနိုင်ကြ။ သမ္မာတရား​ဘက်​၌ နေ​၍​သာ ပြုနိုင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:8
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ​အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့​၊ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။


မည်သည့်​ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​၊ အကြံဉာဏ်​မျှ ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မ​တည်​နိုင်​။


လူးလာပျံဝဲ​သည့် စာငှက်​ကဲ့သို့​လည်းကောင်း​၊ ပျံသန်း​သွားလာ​သည့် ပျံလွှားငှက်​ကဲ့သို့​လည်းကောင်း အကြောင်းမဲ့​ကျိန်ဆဲ​ခြင်း​သည် လာရောက်​ရပ်နား​ခြင်း​မ​ရှိ​တတ်​။


သို့သော် ယေရှု​က“သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။


အကြောင်းမူကား သင်​တို့​ကို​ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် သခင်​ဘုရား​ပေး​တော်မူ​သော ငါ​တို့​၏​အခွင့်​အာဏာ​နှင့်​ပတ်သက်၍ ငါ​သည် အနည်းငယ်​ပို၍ ဝါကြွား​မိ​ခဲ့​လျှင်​ပင် ရှက်ကြောက်​မည်​မ​ဟုတ်။


ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။


သင်​တို့​သည် မကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​မည့်​အကြောင်း ဘုရားသခင်​ထံ ငါ​တို့​ဆုတောင်း​ကြ​၏။ ဤသို့​ဆို​ခြင်း​မှာ စုံစမ်း​စစ်ဆေး​ခြင်း​ကို ငါ​တို့​အောင်မြင်​ကြောင်း​ထင်ရှား​စေရန်​အတွက်​မ​ဟုတ်​ဘဲ ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လျှင်ပင် သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​နိုင်​ရန်​အတွက်​ဖြစ်​၏။


ငါ​တို့​အားနည်း​လျှင်​လည်း သင်​တို့​အားကြီး​သောအခါ ငါ​တို့​ဝမ်းမြောက်​ကြ​၏။ သင်​တို့​သည် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​ကြ​ရန်​အတွက်​လည်း ငါ​တို့​ဆုတောင်း​ကြ​၏။


ထို​သူ​တို့​တွင် ဟုမေနဲ​နှင့်​အလက်ဇန္ဒြား​တို့​ပါဝင်​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​ခြင်း​မ​ပြု​မည့်​အကြောင်း ဆုံးမ​ခြင်း​ကို​ခံရ​ကြ​ရန် သူ​တို့​ကို စာတန်​လက်​သို့ ငါ​အပ်လိုက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ