ဖိလိပ္ပိ 4:8 - မြန်မာ့စံမီသမ္မာကျမ်း8 နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible8 ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible8 အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊ အခန်းကိုကြည့်ပါ။Judson Bible8 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။