Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 13:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်တို့​သည် မကောင်းသော​အမှု​ကို မပြုမိ​စေရန် ဘုရားသခင်​ထံ ကျွန်ုပ်တို့​ဆုတောင်း၏။ ဤသို့​ဆုတောင်းရခြင်း​မှာ စစ်ဆေးခြင်း​ကို ကျွန်ုပ်တို့​အောင်မြင်ကြောင်း ပေါ်လွင်​စေလို​၍ မဟုတ်ပါ။ ကျွန်ုပ်တို့​သည် စစ်ဆေးခြင်း​ကို ကျရှုံးသော​သူများ​ကဲ့သို့ ဖြစ်နေ​လျှင်ပင် သင်တို့​အား ကောင်းသော​အမှု​ကို ပြု​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ ပြု​၏။ ဤ​သို့​ပြု​ရ​ခြင်း​မှာ​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​အောင်​မြင်​သူ​များ​ဖြစ်​ကြောင်း ပေါ်​လွင်​စေ​လို​၍​မ​ဟုတ်။ ငါ​တို့​သည်​မ​အောင် မြင်​သူ​များ​ဖြစ်​ဟန်​တူ​လျက်​ပင်​သင်​တို့​အား ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ကျင့်​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ဆိုး ကို သင် တို့ မ ပြု ရ မည့် အ ကြောင်း ဘု ရား သ ခင့် ထံ ငါ တို့ ပ တ္ထ နာ ပြု ကြ သည် မှာ ငါ တို့ သည် စံ တော် မီ ကြောင်း ထင် ရှား စေ ရန် မ ဟုတ်၊ စံ တော် မ မီ ဟန် ရှိ လျက် ပင် သင် တို့ သည် ပါ ရ မီ ဖြည့် ကြ စေ ရန် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ငါ​တို့​သည် အ​စစ်​ခံ​နိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​သည်​မ​ဟုတ်။ အ​စစ်​မ​ခံ​နိုင်​သော သူ​ကဲ့​သို့​ထင်​သော်​လည်း၊ သင်​တို့​သည် ကောင်း​မွန်​စွာ ကျင့်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကျင့် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​မည်​အ​ကြောင်း၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​သည် မကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​မည့်​အကြောင်း ဘုရားသခင်​ထံ ငါ​တို့​ဆုတောင်း​ကြ​၏။ ဤသို့​ဆို​ခြင်း​မှာ စုံစမ်း​စစ်ဆေး​ခြင်း​ကို ငါ​တို့​အောင်မြင်​ကြောင်း​ထင်ရှား​စေရန်​အတွက်​မ​ဟုတ်​ဘဲ ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လျှင်ပင် သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​နိုင်​ရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 13:7
25 ပူးပေါင်းရင်းမြစ်များ  

ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ထို​သူတို့​ကို ဤ​လောက​မှ နုတ်ယူတော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​သည် မဟုတ်ပါ။ သို့ရာတွင် သူတို့​ကို မာရ်နတ်​၏ လက်​မှ လွတ်ကင်း​ရန်​ကိုသာ အကျွန်ုပ်​တောင်းလျှောက်ပါ၏။


ထို့ပြင် ဘုရားသခင်​ကို အသိအမှတ်​ပြုခြင်း​သည် မိုက်မဲသည်​ဟု သူတို့​ထင်မှတ်​သောကြောင့် ဘုရားသခင်​သည် သူတို့​ကို ပညာမဲ့​စွာ​တွေးခေါ်ခြင်း​လက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့​သည် မပြုအပ်သော​အမှုတို့​ကို ပြုကြ၏။


ရန်​ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့​က မွန်မြတ်သည်​ဟု လက်ခံထားသော​အပြုအမူ​ကို ပြုကျင့်ကြလော့။


နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။


ခရစ်တော်​အပေါ် သစ္စာရှိသော အပေလေ​ကို နှုတ်ဆက်ပေးကြလော့။ အရိတ္တောဗုလု​၏ အိမ်သူအိမ်သားတို့​ကို နှုတ်ဆက်ပေးကြလော့။


သင်တို့​ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်​မှာ ကျိုးကြောင်း​ဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများ​သည် ပေါ်လွင်​ထင်ရှားမည်​ဖြစ်၏။


တချို့​က “ပေါလု​၏ စာများ​သည် ဩဇာပါ​၍ အထင်ကြီးဖွယ်​ဖြစ်​သော်လည်း လူချင်းတွေ့​လျှင် သူ​သည် သတ္တိ​နည်း​၍ အဟောအပြော​လည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​နှစ်သက်တော်မူသော​သူ​သည် မိမိကိုယ်ကိုယ် ချီးမွမ်းသော​သူ​မဟုတ်ဘဲ ကိုယ်တော်​က ချီးမွမ်းသော​သူ​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


ကျွန်ုပ်တို့​သည် စစ်ဆေးရာ​တွင် မကျရှုံးကြောင်း သင်တို့​သိကြ​လိမ့်မည်​ဟု ကျွန်ုပ်​မျှော်လင့်၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို ဆန့်ကျင်​၍ မည်သည့်​အမှု​ကိုမျှ မပြုနိုင်ကြ။ သမ္မာတရား​ဘက်​၌ နေ​၍​သာ ပြုနိုင်ကြ၏။


ကျွန်ုပ်တို့​အားနည်း​နေ​လျှင်ပင် သင်တို့​အားကြီး​ပါက ကျွန်ုပ်တို့​ဝမ်းမြောက်၏။ ကျွန်ုပ်တို့​ဆုတောင်းသည်​မှာ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် ဖြစ်၏။


ထိုသို့​ဖြစ်စေမည့်​အစား ကျွန်ုပ်တို့​သည် ဆင်းရဲ​ဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများ​ကို အလွန်​သည်းခံ​လျက် ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း​ကိုသာ ပေါ်လွင်စေကြ၏။


ကျွန်ုပ်တို့​သည် သခင်ဘုရား​ရှေ့တော်​၌ သာမက အခြား​သူတို့​ရှေ့​၌လည်း မှန်သော​အရာ​ကို လုပ်ဆောင်​ရန် ရည်ရွယ်ကြ၏။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


ကျွန်ုပ်တို့​သည် ဘုရားတရား​ကိုင်းရှိုင်းပြီး တည်ကြည်မှု​ရှိ​လျက် တည်ငြိမ်​အေးချမ်း​စွာ နေထိုင်​နိုင်ရန် ရှင်ဘုရင်များ​နှင့် အာဏာပိုင်များ အားလုံး​အတွက်​လည်း ဆုတောင်းပေးကြလော့။


သင်​သည် ဘုရားသခင်​ရှေ့​၌ ယုံကြည်​စိတ်ချရသူ၊ သမ္မာတရား​သတင်းစကား​ကို မှန်ကန်​စွာ​ဟောပြောပြီး ရှက်ကြောက်​ရန် မလိုသည့်သူ​အဖြစ် မိမိကိုယ်ကိုယ် ဆက်သ​ရန် ကြိုးစားလော့။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ