Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 2:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဤသည်ကား ငါ​တို့​သည် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ရှိ​လျက် အေးချမ်း​တည်ငြိမ်​စွာ​အသက်ရှင်​နေထိုင်​နိုင်​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ငါ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ကာ ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​နိုင်​ကြ​မည် အ​ကြောင်း ရှင်​ဘု​ရင်​များ​နှင့်​အာ​ဏာ​ပိုင် အ​ပေါင်း​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ကျွန်ုပ်တို့​သည် ဘုရားတရား​ကိုင်းရှိုင်းပြီး တည်ကြည်မှု​ရှိ​လျက် တည်ငြိမ်​အေးချမ်း​စွာ နေထိုင်​နိုင်ရန် ရှင်ဘုရင်များ​နှင့် အာဏာပိုင်များ အားလုံး​အတွက်​လည်း ဆုတောင်းပေးကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 2:2
22 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​နေ​လို​သော​၊ သစ္စာရှိ​သော​အစ္စရေး​လူမျိုး​တစ်ဦး ဖြစ်​ပါ​၏​။ အရှင်​သည် အစ္စရေး​လူမျိုး​တို့​၏​မိခင်​မြို့​ကို အဘယ်ကြောင့်​ဖျက်ဆီး​ရန်​ကြိုးစား​နေ​သနည်း​။ အဘယ်ကြောင့် ထာဝရဘုရား​၏​အမွေ​တော်​ကို ဝါးမျို​လို​သနည်း”​ဟု ဆို​၏​။


သို့မှ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ အမွှေးနံ့သာ​ကို ပူဇော်​၍ ရှင်ဘုရင်​နှင့် သူ​၏​သားသမီး​များ​ကောင်းစား​ဖို့ ဆုတောင်း​ပေး​နိုင်​မည်​ဖြစ်​၏​။


အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို ရှင်ဘုရင်​အား​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရှင်ဘုရင်​၏​သား​တော်​အား​လည်းကောင်း ပေး​တော်မူ​ပါ​။


ငါ့​သား​၊ ထာဝရဘုရား​နှင့်​ရှင်ဘုရင်​ကို ကြောက်ရွံ့​လော့​။ ဖောက်ပြန်​ပြောင်းလဲ​သော​သူ​တို့​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။


သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​သော​မြို့​၌ အေးအေးချမ်းချမ်း​နေထိုင်​လျက် ထို​မြို့​အတွက် ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ကြ​လော့​။ အကြောင်းမူကား ထို​မြို့​အေးချမ်း​လျှင် သင်​တို့​လည်း အေးအေးချမ်းချမ်း​နေ​ရ​မည်​ဟူ၍ မိန့်​တော်မူ​၏​။


သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။


ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍


သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။


သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။


သင်​တို့​အား ငါ​တို့​ညွှန်ကြား​ခဲ့​သည့်​အတိုင်း အေးဆေး​တည်ငြိမ်​စွာ​နေထိုင်​နိုင်​ရန် ရည်မှန်း​ကြိုးစား​လျက် မိမိ​ကိစ္စ​များ​ကို​အာရုံစိုက်​၍ မိမိ​တို့​လက်​ဖြင့်​အလုပ်​လုပ်​ကြ​ရန်​လည်းကောင်း ငါ​တို့​တိုက်တွန်း​နှိုးဆော်​ပါ​၏။


လူ​အပေါင်း​တို့​နှင့်​ငြိမ်းချမ်း​စွာ​နေထိုင်​ရန်​နှင့် သန့်ရှင်း​ခြင်း​ကို​ရရှိ​ရန် ကြိုးစား​ကြ​လော့။ သန့်ရှင်း​ခြင်း​မ​ရှိ​လျှင် မည်သူမျှ ထာဝရ​ဘုရား​ကို​ဖူးမြင်​ရ​လိမ့်မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ