“မြေကြီးသားတိုင်း သွားရမည့်လမ်းကို ငါသွားရတော့မည်။ သို့ဖြစ်၍ သင်သည် ယောက်ျားပီပီ ရဲရင့်ခြင်းရှိလော့။
၁ ရာချုပ် 22:13 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့အဖို့ မောရှေအားဖြင့် ထာဝရဘုရား ပေးအပ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်လိုက်နာစောင့်ထိန်းလျှင် အောင်မြင်မှုကိုရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်ရွံ့နှင့်၊ စိတ်မပျက်နှင့်။ Common Language Bible သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။- Garrad Bible ဣ သ ရေ လ လူ မျိုး ကို ရည် ၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် လိုက် နာ မှ သာ လျှင် အ ကြံ ထ မြောက် လိမ့် မည်။ ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လျက် အား ယူ ၍ ရဲ ရင့် လော့။ Judson Bible ဣသရေလအမျိုး၏အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။ |
“မြေကြီးသားတိုင်း သွားရမည့်လမ်းကို ငါသွားရတော့မည်။ သို့ဖြစ်၍ သင်သည် ယောက်ျားပီပီ ရဲရင့်ခြင်းရှိလော့။
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။
ယခု သတိပြုလော့။ သန့်ရှင်းရာဌာနဖြစ်သော အိမ်တော်ကို တည်ဆောက်ရန် သင့်ကိုထာဝရဘုရား ရွေးချယ်တော်မူပြီ။ အားယူ၍ဆောက်လုပ်ပါလော့”ဟု မိန့်ဆိုလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
သူသည် ငါ့ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ယခုကဲ့သို့မယိမ်းမယိုင်စောင့်ထိန်းမည်ဆိုလျှင် သူ့နိုင်ငံတော်ကို ထာဝရတည်စေမည်’ဟု မိန့်တော်မူပြီ။
ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။ ထာဝရဘုရားသည် သူ့ကို ငြိမ်းချမ်းခြင်းပေးသောကြောင့် ထိုကာလအတွင်း မည်သည့်စစ်ပွဲမျှမရှိဘဲ တိုင်းပြည် အေးချမ်းသာယာလေ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ဘုရားသခင်၏ဗျာဒိတ်တော်အကြောင်းကို သိနားလည်သောဇာခရိ အသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို ရှာ၏။ ထာဝရဘုရားကို ရှာသောကာလပတ်လုံးတွင်လည်း ဘုရားသခင်သည် သူ့ကို အောင်မြင်ခွင့်ပေးတော်မူ၏။
“အားယူ၍ရဲရင့်ကြလော့။ အဆီးရီးယားဘုရင်နှင့် သူ့လူအုပ်ကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌ရှိသောသူသည် သူတို့ဘက်၌ရှိသောသူတို့ထက် ပို၍အင်အားကြီး၏။
ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
အို ဘုရားသခင်၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို ရှင်ဘုရင်အားလည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရှင်ဘုရင်၏သားတော်အားလည်းကောင်း ပေးတော်မူပါ။
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဗိမာန်တော်ဖြစ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချသောနေ့၌ ပရောဖက်တို့နှုတ်မှ ဆင့်ဆိုခဲ့သောစကားများကို ယခုကာလ၌ကြားရသောသူတို့၊ သင်တို့လက်ကို ကြံ့ခိုင်စေကြလော့။
ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။
ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူလျက် သူနှင့်ပတ်သက်၍ သက်သေခံသည်ကား ‘ငါ၏စိတ်နှင့်တွေ့သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါ၏အလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
သင်တို့သည် ကျမ်းစာနှင့်အညီ “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော မွန်မြတ်သည့်ပညတ်တရားကို အမှန်တကယ်စောင့်ထိန်းလျှင် ကောင်းသောအမှုကိုပြုကြလေပြီ။
သင့်စကားကို ဖီဆန်သောသူ၊ သင်မိန့်မှာသမျှစကားကို မနာခံသောသူအားလုံး သေဒဏ်ခံရမည်။ အားယူ၍ရဲရင့်ခြင်းသာရှိလော့”ဟု ပြန်ပြောကြ၏။