၁ ရာချုပ် 28:10 - မြန်မာ့စံမီသမ္မာကျမ်း10 ယခု သတိပြုလော့။ သန့်ရှင်းရာဌာနဖြစ်သော အိမ်တော်ကို တည်ဆောက်ရန် သင့်ကိုထာဝရဘုရား ရွေးချယ်တော်မူပြီ။ အားယူ၍ဆောက်လုပ်ပါလော့”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 သ တိ ပြု လော့။ သန့် ရှင်း ရာ ဌာ န ဆိုင် ရာ ဗိ မာန် တော် ကို တည် ဆောက် စေ ရန် သင့် ကို ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ ပြီ။ အား ယူ ၍ တည် ဆောက် လော့ ဟု မိန့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သတိပြုလော့။ သန့်ရှင်းရာဌာနအဖို့ အိမ်တော်ကိုတည်ဆောက်စေခြင်းငှာ သင့်ကို ထာဝရဘုရားရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည်ဆောက်လော့ဟု မှာထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။