ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
၁ ရာချုပ် 11:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ Common Language Bible ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။ Garrad Bible ထို သို့ ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ သည် ဟေ ဗြုန် မြို့၌ စံ နေ သော ဘု ရင် မင်း ထံ တိုး ဝင် ပြီး လျှင် ၎င်း မြို့ တွင် ထာ ဝ ရ ဘု ရား ရှေ့ ဒါ ဝိဒ် မင်း နှင့် သ စ္စာ မိတ် ဖွဲ့ လျက် ရှ မွေ လ ဆင့် ဆို ခဲ့ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ရာ ဇ ဘိ သိက် ဖြင့် ချီး မြှင့် ကြ လေ ၏။ Judson Bible ထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရားဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ |
ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် သူတို့သည်လည်း ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
ဟေဗြုန်မြို့တွင် ယုဒလူမျိုးကို ခုနစ်နှစ်နှင့် ခြောက်လ၊ ဂျေရုဆလင်မြို့တွင် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့ကို သုံးဆယ့်သုံးနှစ် စိုးစံလေ၏။
ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ယောရှိမင်းကြီး၏အမှုထမ်းတို့သည် သူ့အလောင်းကို မေဂိဒ္ဒေါအရပ်မှ ဂျေရုဆလင်မြို့သို့ ရထားဖြင့်သယ်သွားပြီး သူ့သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော် ယောခတ်ကို ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် ဒါဝိဒ်ကို မင်းမြှောက်၍ နိုင်ငံတော်တည်ထောင်ရာတွင် သူ့ကိုဝိုင်းဝန်းကူညီပေးသော စစ်သူရဲအကြီးအကဲများရှိခဲ့ကြ၏။
ထို့နောက် ဘုရားသခင်၏အိမ်တော်တွင် လူထုတစ်ရပ်လုံးသည် ရှင်ဘုရင်နှင့် ကတိသစ္စာပြုကြပြီး ယောယဒက “ဒါဝိဒ်မင်းကြီး၏သားမြေးတို့နှင့်ပတ်သက်၍ ထာဝရဘုရား ကတိထားခဲ့သည့်အတိုင်း ရှင်ဘုရင်၏သားတော်သည် အုပ်စိုးရလိမ့်မည်။
ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။
လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။
ထိုအခါ ရှမွေလက “ယနေ့ ထာဝရဘုရားသည် သင့်လက်ထဲရှိ အစ္စရေးနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်ထက်ကောင်းသောသင့်အိမ်နီးချင်းအား ပေးအပ်တော်မူပြီ။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့နှစ်ဦး ထာဝရဘုရားရှေ့တော်တွင် ကတိသစ္စာပြု၍ ဒါဝိဒ်သည် ဟောရေရှအရပ်၌နေခဲ့ပြီး ယောနသန်ကား သူ့အိမ်သို့ပြန်သွားလေ၏။
ငါ့အား ထာဝရဘုရား မြွက်ဆိုတော်မူသည့်အတိုင်း သင်၌ ပြုတော်မူပြီ။ ထာဝရဘုရားသည် သင့်လက်ထဲရှိနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်အမျိုးသားချင်းဒါဝိဒ်အား ပေးတော်မူပြီ။