Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 5:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဟေဗြုန်​မြို့​တွင် ယုဒ​လူမျိုး​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​ကို သုံးဆယ့်​သုံး​နှစ် စိုးစံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဟေ​ဗြုန်​မြို့​တွင် ခု​နစ်​နှစ်​ခွဲ၊ ဣ​သ​ရေ​လ​ပြည်​တစ်​ခု​လုံး​နှင့် ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော်​မူ သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဟေ ဗြုန် မြို့၌၊ ယု ဒ အ နွယ် အ ပေါ် တွင် ခု နစ် နှစ် နှင့် ခြောက် လ၊ ယေ ရု ရှ လင် မြို့၌ ဣ သ ရေ လ ယု ဒ၊ တစ် မျိုး လုံး အ ပေါ် တွင် သုံး ဆယ့် သုံး နှစ် မင်း ပြု သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​ပြည်​ကို ခု​နစ်​နှစ်​နှင့်​ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​ကို အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 5:5
7 ပူးပေါင်းရင်းမြစ်များ  

သင့်​သခင်​၏​နန်းတော်​၊ သင့်​သခင်​၏​မိဖုရား​တို့​ကို သင့်​ရင်ခွင်​၌ ပေးအပ်​ခဲ့​ပြီ​။ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သင့်​ကို ပေးအပ်​ထား​ပြီ​။ ထိုသို့​ပေးအပ်​သည်​ကို​ပင် နည်း​သေး​သည်​ဟု သင်​ထင်​လျှင် ဤမျှ​၊ ထိုမျှမက သင့်​ကို ထပ်၍​ပေး​နိုင်​သေး​၏​။


ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ယုဒ​အမျိုးအနွယ်​တို့​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​တိုင်အောင် အချိန်ကြာကြာ​အုပ်ချုပ်​ခဲ့​၏​။


ထိုအခါ ယုဒ​အမျိုးသား​တို့​သည် ရောက်လာ​၍ ဒါဝိဒ်​အား ယုဒ​အမျိုးအနွယ်​တို့​၏​ဘုရင်​အဖြစ် ထို​နေရာ​တွင် ဘိသိက်ပေး​ကြ​၏​။ သူ​တို့​က ဒါဝိဒ်​အား “ယာဗက်​ဂိလဒ်​မြို့သား​တို့​က ရှောလု​မင်းကြီး​ကို​သင်္ဂြိုဟ်​လိုက်​ကြ​ပါ​ပြီ​”​ဟု ပြောပြ​ကြ​သောအခါ


ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။


အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် ရှမွေလ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။


ဤ​သား​ခြောက်​ဦး​မှာ ဟေဗြုန်​မြို့​တွင် ရ​သော​သား​များ​ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​နှင့်​ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ်​စိုးစံ​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ