၄ ရာ 11:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ယော ယ ဒ လည်း၊ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် စေ ရန် ဘု ရင် မင်း မှ စ သော လူ ပ ရိ သတ် နှင့် ထာ ဝ ရ ဘု ရား ကြား တွင် လည်း ကောင်း၊ လူ ပ ရိ သတ် နှင့် ဘု ရင် မင်း ကြား တွင် လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible17 ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တစ်ဖန် ရှင်ဘုရင်နှင့်လူများတို့ကို တစ်ဦးနှင့်တစ်ဦး ပဋိညာဉ်ဖွဲ့စေ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။