ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။
၁ ရာ 30:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဓားပြတို့နောက်သို့ လိုက်ရပါမည်လော။ သူတို့ကို မီနိုင်ပါမည်လော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “လိုက်လော့။ အမှန်ပင်မီလိမ့်မည်။ လူတို့ကို အမှန်ပင်ကယ်တင်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။ Garrad Bible ဤ တပ် ကို လိုက် လံ သော် မီ ပါ မည် လော ဟု ထာ ဝ ရ ဘု ရား အား ဒါ ဝိဒ် မေး လျှောက် ရာ လိုက် လံ လော့။ မု ချ မီ၍ ပြန် သိမ်း ရ လိမ့် မည် ဟု ဗျာ ဒိတ် ပေး တော် မူ သည် နှင့် အ ညီ Judson Bible ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊ |
ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအမှန်အပ်မည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။
ဂိဒေါင်သည် ဂျော်ဒန်မြစ်သို့ရောက်၍ သူနှင့် သူ့လူအယောက်သုံးရာတို့သည် မြစ်ကို ကူးကြပြီး မောမောပန်းပန်းနှင့် ရန်သူတို့ကို ဆက်၍လိုက်ကြ၏။
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရှောလုမင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ဆင်းတိုက်ရပါမည်လော။ သူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်သော်လည်း ထိုနေ့၌ တုံ့ပြန်တော်မမူ။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဒါဝိဒ်က ထာဝရဘုရားအား ထပ်မံမေးလျှောက်ရာ ထာဝရဘုရားက “ထ၍ ကိလမြို့သို့ ချီသွားလော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားထံ မေးလျှောက်လေ၏။ သို့သော် ထာဝရဘုရားသည် သူ့အား အိပ်မက်အားဖြင့်ဖြစ်စေ၊ ဥရိမ်အားဖြင့်ဖြစ်စေ၊ ပရောဖက်အားဖြင့်ဖြစ်စေ ဖြေကြားတော်မမူ။
ဒါဝိဒ်သည် အာမလက်လူမျိုးတို့ သိမ်းယူသွားခဲ့သမျှတို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့၏။ မိမိမယားနှစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့၏။
ဒါဝိဒ်သည် လူကြီးလူငယ်မှစ၍ သားသမီးများကို တစ်ယောက်မကျန်၊ တိုက်ခိုက်လုယူသွားသောပစ္စည်းများကိုလည်း တစ်ခုမကျန် အားလုံးပြန်လည်တိုက်ယူနိုင်ခဲ့၏။