၁ ရာ 30:1 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ Common Language Bible နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊- Garrad Bible သုံး ရက် အ တွင်း ဇိ က လတ် မြို့ သို့ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ပြန် မ ရောက် မီ အာ မ လက် လူ မျိုး တို့ သည် နေ ဂပ် ခ ရိုင် နှင့် ဇိ က လတ် မြို့ သို့ တိုက် ခိုက်၍ တစ် မြို့ လုံး လုပ် ကြံ မီး ရှို့ ပြီး လျှင် Judson Bible သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ |
ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။
အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သူများဖြစ်သောကြောင့် ဓားပြတို့ကို နှိမ်နင်းရာတွင် ဒါဝိဒ်ကို ကူညီကြ၏။ သူတို့သည် နောင်တွင် စစ်ဗိုလ်များ ဖြစ်လာကြ၏။
နေ့စဉ်နေ့တိုင်း ဒါဝိဒ်ကိုကူညီရန် ဝင်ရောက်လာသူများလာသဖြင့် ဘုရားသခင်၏တပ်ကဲ့သို့ အင်အားကြီးမားသောစစ်တပ်ကြီးဖြစ်လာလေ၏။
နေသနိ၏သားဣရှမေလကို တိုက်ခိုက်ရန် လူအပေါင်းတို့ကိုခေါ်၍လိုက်သွားရာ ဂိဗောင်မြို့ရှိ ရေကန်ကြီးအနားတွင် မီလေ၏။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သူတို့ကို မကြောက်နှင့်။ မနက်ဖြန် ယခုလိုအချိန်တွင် ငါသည် သူတို့အားလုံးကို အစ္စရေးစစ်သည်တို့ရှေ့တွင် အသတ်ခံရစေမည်။ သင်သည် မြင်းများ၏တံကောက်ကြောကို ဖြတ်ပစ်ရမည်၊ စစ်ရထားများကိုလည်း မီးရှို့ပစ်ရမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ရှောလုမင်းကြီးသည် ဟဝိလအရပ်မှ အီဂျစ်ပြည်အရှေ့ဘက်ရှိ ရှုရအရပ်တိုင်အောင် အာမလက်လူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းလေ၏။
အာမလက်ဘုရင်အာဂတ်မင်းကြီးကို အရှင်ဖမ်းပြီး သူ၏လူအပေါင်းတို့ကို ဓားဖြင့် သတ်ဖြတ်ပစ်လေ၏။
ထို့ကြောင့် ထိုနေ့တွင်ပင် အာခိတ်မင်းကြီးသည် သူ့အား ဇိကလတ်မြို့ကို ပေး၏။ ယနေ့တိုင်အောင် ဇိကလတ်မြို့သည် ယုဒဘုရင်တို့ ပိုင်ဆိုင်သောမြို့ ဖြစ်လေ၏။
ထို့ကြောင့် သင်နှင့်လိုက်ပါလာသော သင့်သခင်၏အစေအပါးတို့နှင့်အတူ နံနက်စောစောထလော့။ နံနက်စောစောထ၍ မိုးလင်းသည်နှင့် ထွက်သွားကြလော့”ဟု ဆို၏။
ထို့ကြောင့် ဒါဝိဒ်သည် နံနက်စောစောထ၍ သူနှင့် သူ့နောက်လိုက်တို့သည် ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိလူမျိုးတို့ကား ယေဇရေလမြို့သို့ ချီသွားကြ၏။
ဖိလိတ္တိတပ်မှူးတို့သည် သူ့ကိုအမျက်ထွက်၍ သူ့အား “ဤလူကို ပြန်ခိုင်းပါ။ သင်ပေးနေသောအရပ်သို့ ပြန်သွားပါစေ။ စစ်ပွဲ၌ ငါတို့ကို ရန်ပြုပြီး ပြန်မတိုက်ခိုက်မည့်အကြောင်း ငါတို့နှင့်အတူ တိုက်ပွဲသို့ မလိုက်လာပါစေနှင့်။ သူ့သခင် သူ့ကိုပြန်လက်ခံအောင် သူမည်သို့ပြုနိုင်မည်နည်း။ ဤသူတို့၏ခေါင်းများအားဖြင့်သာ မဟုတ်လော။
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။