၂ ရာ 15:18 - မြန်မာ့စံမီသမ္မာကျမ်း18 အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊- အခန်းကိုကြည့်ပါ။Judson Bible18 ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက်လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသောသူ ခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိလူအပေါင်းသည် ရှေ့တော်၌ချီသွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် လူသုံးပုံတစ်ပုံကို ယွာဘလက်အောက်သို့လည်းကောင်း၊ နောက်သုံးပုံတစ်ပုံကို ယွာဘညီ ဇေရုယာ၏သား အဘိရှဲလက်အောက်သို့လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံကို ဂိတ္တိလူမျိုး အိတ္တဲလက်အောက်သို့လည်းကောင်း နေရာချထားပေး၏။ ထို့နောက် ရှင်ဘုရင်က သူတို့အား “ငါကိုယ်တိုင် သင်တို့နှင့်အတူ ဆက်ဆက်ချီတက်မည်”ဟု မိန့်ဆို၏။