ဒုက္ခရောက်နေသူ၊ အကြွေးမဆပ်နိုင်သူ၊ ဘဝကို ခါးသီးစွာခံစားနေရသူအပေါင်းတို့သည် သူ့ထံလာရောက်စုဝေးကြရာ လူလေးရာခန့်ရှိ၍ ဒါဝိဒ်သည် သူတို့ကို ဦးဆောင်လေ၏။
ညှင်းပန်းနှိပ်စက်ခြင်းခံရကြသူ၊ ကြွေးမြီ တင်သူ၊ စိတ်မကျေမနပ်ဖြစ်သူမှစ၍စုစု ပေါင်းလူလေးရာခန့်တို့သည် သူ၏ထံသို့ ဝင်ရောက်လာကြသဖြင့် ဒါဝိဒ်သည်သူတို့ ၏ခေါင်းဆောင်ဖြစ်လာလေသည်။
သူ့ ထံ သို့ သွား ကြ သည့် ပြင် အ မှု ရှိ သူ၊ ကြွေး များ သူ၊ စိတ် မ ရောင့် ရဲ သူ ဟူ သ မျှ တို့ လည်း စု ရုံး ဝင် ရောက် ကြ သ ဖြင့် လူ လေး ရာ ခန့် အ ပေါ် တွင် ဒါ ဝိဒ် အ ကြီး အ ကဲ လုပ် လေ၏။
အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူ အပေါင်းတို့သည်၊ သူ့ထံမှာစုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကိုအုပ်ရ၏။
ထို့ပြင် ဟုရှဲက “အရှင့်ခမည်းတော်နှင့် သူ့အမှုထမ်းတို့သည် စစ်သူရဲများ ဖြစ်ကြသည်သာမက တောထဲ၌သားပျောက်သောဝံမကဲ့သို့ စိတ်နှလုံးခက်ထန်နေမည်ကို အရှင်သိပါ၏။ ထို့ပြင် အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်သည်နှင့်အညီ လူအများနှင့်အတူ ညအိပ်မည်မဟုတ်ပါ။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
ထို့ကြောင့် ယေဖသသည် ညီအစ်ကိုတို့ထံမှ ထွက်သွား၍ တောဘပြည်တွင် နေထိုင်၏။ အခြေအနေမဲ့သူတို့သည် သူ့ထံစုရုံးလာ၍ သူနှင့်လိုက်နေကြ၏။
ဒန်အမျိုးသားတို့က သူ့အား “ငါတို့ကြားအောင် အော်ကြီးဟစ်ကျယ် မပြုနှင့်။ ဒေါသကြီးသောလူတို့သည် သင့်ကိုတိုက်ခိုက်သဖြင့် သင်နှင့်သင့်အိမ်သူအိမ်သားတို့ သေသွားရလိမ့်မည်”ဟု ဆိုပြီးလျှင်
ဟန္နသည် စိတ်နှလုံးကြေကွဲစွာဖြင့် ထာဝရဘုရားထံ ငိုယိုလျက်
ဒါဝိဒ်သည် ထိုအရပ်မှ မောဘပြည်၊ မိဇပါမြို့သို့သွား၍ မောဘဘုရင်အား “ဘုရားသခင်သည် အကျွန်ုပ်အား မည်သို့ပြုပေးမည်ကို အကျွန်ုပ်သိရသည့်အချိန်ထိ အကျွန်ုပ်၏မိဘတို့ကို အရှင့်ထံ၌ ခိုလှုံခွင့်ပြုပါ”ဟု လျှောက်ဆိုပြီး
ထို့ကြောင့် ဒါဝိဒ်နှင့် သူ့နောက်လိုက်ခြောက်ရာခန့်တို့သည် ထ၍ ကိလမြို့မှချက်ချင်းထွက်သွားပြီး တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသွားလာရကြ၏။ ထိုသို့ ဒါဝိဒ်သည် ကိလမြို့မှ ထွက်ပြေးသွားကြောင်းကို ရှောလုမင်းကြီးကြားသိလျှင် သူဆက်မလိုက်တော့ပေ။
ထိုအခါ ဒါဝိဒ်က မိမိလူတို့အား “ကိုယ့်ဓားကိုယ် အသီးသီးစွဲကိုင်ကြလော့”ဟု ဆိုလျှင် သူတို့သည် ကိုယ့်ဓားကိုယ်စွဲကိုင်၍ ဒါဝိဒ်သည်လည်း မိမိဓားကိုစွဲကိုင်၏။ လူလေးရာခန့်သည် ဒါဝိဒ်နောက်သို့လိုက်၍ လူနှစ်ရာခန့်မှာ ပစ္စည်းစောင့်ရန်ကျန်နေခဲ့၏။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။