သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
၁ ရာ 2:9 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။ Common Language Bible ``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။ Garrad Bible ဘု ရား တ ရား ကြည် ညို သူ တို့၏ ခြေ ကို စောင် မ တော် မူ လိမ့် မည်။ လူ ဆိုး တို့ မူ ကား အ မိုက် မှောင် တွင် ဆိတ် ဆိတ် နေ ရ ကြ လ တ္တံ့။ အ စွမ်း သ တ္တိ ဖြင့် မည် သူ မျှ နိုင် မည် မ ဟုတ် ချေ။ Judson Bible မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။ |
သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
သူတို့ကို မြေမှုန့်ထဲမှာ အတူမြှုပ်ပစ်လိုက်ပါ။ မှောင်မိုက်ထဲ၌ သူတို့မျက်နှာကို စည်းထားလိုက်ပါ။
ထို့ကြောင့် ဆင်းရဲသောသူ၌ မျှော်လင့်ခြင်းရှိ၍ မတရားသောသူကား နှုတ်ဆိတ်နေရ၏။
သင်၏တဲသည် ငြိမ်းချမ်းလျက်ရှိကြောင်း သင်သိရလိမ့်မည်။ သင်နေထိုင်ရာအရပ်ကို စစ်ဆေးကြည့်လျှင်လည်း တစ်စုံတစ်ရာမျှ ပျောက်ဆုံးလိမ့်မည်မဟုတ်။
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
ထို့နောက် သူတို့ကို ရွှေ၊ ငွေနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ထိုစဉ် ကိုယ်တော်၏လူမျိုးစုများတွင် အားနည်းသောသူတစ်ယောက်မျှမရှိချေ။
ကိုယ်တော်သည် သင်၏ခြေကိုချော်စေတော်မမူ။ သင့်ကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းခြင်းရှိတော်မမူ။
ထာဝရဘုရားသည် သင့်ကိုစောင့်ရှောက်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသောအရိပ် ဖြစ်တော်မူ၏။
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
ထာဝရဘုရားသည် မိမိကိုချစ်သောသူအပေါင်းတို့ကို စောင့်ရှောက်တော်မူ၏။ ဆိုးယုတ်သောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူလိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သည်ဖြစ်၍ အကျွန်ုပ်အရှက်မကွဲရပါစေနှင့်။ ဆိုးယုတ်သောသူတို့သည် အရှက်ကွဲလျက် မရဏာနိုင်ငံထဲ၌ တိတ်ဆိတ်စွာနေကြရပါစေသော။
အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်တော်မူ၏။ မိမိ၏သန့်ရှင်းသူတို့ကိုလည်း စွန့်ပစ်တော်မမူ။ သူတို့သည် အစဉ်အမြဲစောင့်ရှောက်တော်မူခြင်းကို ခံရကြလိမ့်မည်။ ဆိုးယုတ်သောသူ၏သားမြေးတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည်။
“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
တရားမျှတခြင်းလမ်းစဉ်တို့ကိုလည်း ကာကွယ်၍ မိမိသန့်ရှင်းသူတို့၏လမ်းကို စောင့်ရှောက်တော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် သင်ယုံကြည်အားထားရာဖြစ်၍ သင်၏ခြေကို ကျော့ကွင်း၌မမိစေရန် စောင့်ထိန်းတော်မူလိမ့်မည်။
သူသည် မိမိ၏နေ့ရက်အားလုံးတို့၌ များစွာစိတ်ပျက်ခြင်း၊ ဝေဒနာခံစားရခြင်းနှင့် အမျက်ထွက်ခြင်းဖြင့် အမှောင်ထဲတွင်စားသောက်ရမည်။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
ငါထာဝရဘုရားသည် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ မကြာခဏ ရေလောင်းပေး၏။ မည်သူမျှ မဖျက်ဆီးစေရန် နေ့ညမပြတ် စောင့်ရှောက်၏။
အို ခါလဒဲသမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ အမှောင်ထဲသို့ သွားလော့။ သင့်ကို တိုင်းနိုင်ငံတို့၏ဘုရင်မဟု ခေါ်တော့မည်မဟုတ်။
ငါတို့ အဘယ်ကြောင့်ထိုင်နေကြသနည်း။ အတူတကွစုဝေးလျက် ခံတပ်မြို့များထဲသို့ဝင်၍ သေကျေပျက်စီးကြကုန်စို့။ ထာဝရဘုရားကို ငါတို့ပြစ်မှားကြသောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို သေကျေပျက်စီးစေတော်မူပြီ။ အဆိပ်ရေကိုသောက်စေတော်မူပြီ။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သို့သော် နိနေဝေမြို့ကို ရေလွှမ်းမိုးသုတ်သင်ဖျက်ဆီးတော်မူမည်။ မိမိရန်သူတို့၏နောက်သို့ အမှောင်ထုကြီးလိုက်စေမည်။
ထိုနေ့ရက်သည် အမျက်တော်ကျရောက်သောနေ့၊ ဆင်းရဲဒုက္ခကြောင့် ပူပင်သောကရောက်ရသောနေ့၊ ပျက်စီးဆိတ်သုဉ်းသောနေ့၊ အလင်းမဲ့၍အမှောင်ကျသောနေ့၊ တိမ်များဖြင့် အမှောင်ထုဖုံးအုပ်သောနေ့၊
ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
နိုင်ငံတော်၏သားတို့မူကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ခြင်းခံရကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
အကယ်စင်စစ် လူမျိုးတော်ကိုချစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်လက်တော်၌ရှိပါ၏။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏စကားတော်တို့ကို ခံယူကြပါ၏။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
ထိုသူတို့သည် ခန်းခြောက်သောစမ်းရေတွင်းများ၊ မုန်တိုင်းဖြင့်လွင့်ပါသွားသည့်မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထိန်းသိမ်းထားလျက်ရှိ၏။
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။
ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။