သုတ္တံကျမ်း။ 16:9 - မြန်မာ့စံမီသမ္မာကျမ်း9 လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible9 လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 လူ သည်၊ ကိုယ့် အ လေ့ အ လာ များ ကို ကြံ စည် ရ သော် လည်း၊ ခြေ လှမ်း များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible9 လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။
ယောရံမင်းကြီးထံ အာခဇိမင်းကြီး သွားရောက်ကြည့်ရှုခြင်းသည် အာခဇိမင်းကြီးပျက်စီးမည့်အကြောင်း ဘုရားသခင် စီရင်ထားခြင်းဖြစ်၏။ သူရောက်သွားသောအခါ သူသည် ယဟောရံမင်းကြီးနှင့်အတူ စစ်ချီသွား၍ အာဟပ်မင်းမျိုးမင်းနွယ်ကို သုတ်သင်ပယ်ရှင်းရန် ထာဝရဘုရား ဘိသိက်ပေးထားသူ နိမ်ရှိ၏မြေးယေဟုကို တိုက်ခိုက်၏။