ယောဘဝတ္တု။ 18:18 - မြန်မာ့စံမီသမ္မာကျမ်း18 သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။Common Language Bible18 သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အ လင်း မှ မှောင် မိုက် ထဲ သို့ သူ့ ကို တွန်း ချ၍၊ လော က မှ မောင်း နှင် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။ အခန်းကိုကြည့်ပါ။ |
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။