သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
၁ ရာ 15:13 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလသည် ရှောလုမင်းကြီးထံရောက်သောအခါ ရှောလုမင်းကြီးက “ထာဝရဘုရားသည် အရှင့်ကို ကောင်းချီးပေးတော်မူပါစေသော။ ထာဝရဘုရား၏စကားတော်အတိုင်း အကျွန်ုပ်ဆောင်ရွက်ခဲ့ပါပြီ”ဟု ဆို၏။ Common Language Bible ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။ Garrad Bible ရှော လု မင်း ထံ ဝင် ရောက် သော်၊ ရှော လု မင်း က၊ ကိုယ် တော် သည် ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ပါ စေ သော။ ထာ ဝ ရ ဘု ရား အ မိန့် တော် ကို အ ကျွန်ုပ် အ တည် ပြု ခဲ့ ပါ ပြီ ဟု လျှောက် ထား လေ ၏။ Judson Bible ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။ |
သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
လူကလည်း “အကျွန်ုပ်နှင့်အတူနေစေရန် ကိုယ်တော်ပေးထားသောမိန်းမသည် ထိုအပင်မှအသီးကို အကျွန်ုပ်အားပေး၍ အကျွန်ုပ်စားမိပါသည်”ဟု ပြန်လျှောက်လေ၏။
ဒါဝိဒ်သည် ယာဗက်ဂိလဒ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “သင်တို့သည် သင်တို့၏အရှင်ရှောလုမင်းကြီးကို ဤသို့မေတ္တာပြ၍ သင်္ဂြိုဟ်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော။
သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
ထိုသို့သောမိန်းမအား သူ့လက်ဖြင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ကိုပေးလော့။ သူပြုသောအမှုအတွက် မြို့တံခါးတို့၌ သူ့ကိုချီးမွမ်းကြပါစေ။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
ဗောဇကလည်း “ငါ့သမီး၊ ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ဆင်းရဲသောလူပျို၊ ချမ်းသာသောလူပျိုတို့နောက်သို့ မလိုက်။ ယခု သင်ပြသောမေတ္တာကရုဏာသည် ယခင် ပြခဲ့သည်ထက် သာ၍မြတ်၏။
မီးရှို့ရာယဇ်ကိုပူဇော်ပြီးသည်နှင့် ရှမွေလရောက်လာရာ ရှောလုမင်းကြီးသည် သူနှင့်တွေ့ဆုံနှုတ်ဆက်ရန် ထွက်လာ၏။
“ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။
ရှောလုမင်းကြီးကလည်း ရှမွေလအား “ထာဝရဘုရား၏စကားတော်ကို အကျွန်ုပ်နာခံပါ၏။ ထာဝရဘုရားစေခိုင်းသည့်အတိုင်းသွား၍ အမှုတော်ကိုထမ်းဆောင်ပါ၏။ အာမလက်ဘုရင်အာဂတ်မင်းကြီးကို ဖမ်းခေါ်ခဲ့ပြီး အာမလက်လူမျိုးတို့ကို အကုန်ချေမှုန်းခဲ့ပါ၏။
သို့သော် ရှောလုမင်းကြီးနှင့် တပ်သားတို့သည် အာဂတ်မင်းကြီးကို ချမ်းသာပေး၏။ အကောင်းဆုံးသောသိုးနွားများ၊ ဆူဖြိုးသောနွားသငယ်များ၊ သိုးသငယ်များနှင့် တန်ဖိုးရှိသောအရာအားလုံးကိုမူ နှမြော၍ မဖျက်ဆီးလိုကြ။ တန်ဖိုးမရှိ၊ အသုံးမဝင်သောအရာတို့ကိုကား အကုန်ဖျက်ဆီးပစ်လေ၏။
ထိုအခါ ရှောလုမင်းကြီးက သူတို့အား “သင်တို့ ငါ့ကို စာနာထောက်ထားကြသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးပါစေ။
ထိုအခါ အစေအပါးတို့ထဲမှ ငယ်သားတစ်ဦးက နာဗလ၏မယား အဘိဂဲလအား “ဒါဝိဒ်သည် တောကန္တာရမှ စေတမန်ကိုလွှတ်၍ အကျွန်ုပ်တို့သခင်အား နှုတ်ဆက်သည်ကို အကျွန်ုပ်တို့သခင်သည် သူတို့အား ရိုင်းပြစွာပြောဆိုလိုက်ပါ၏။