ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
၁ ရာ 12:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ရှမွေလက လူတို့အား “မောရှေနှင့်အာရုန်ကို ရွေးကောက်ပြီး သင်တို့၏ဘိုးဘေးများကို အီဂျစ်ပြည်မှထုတ်ဆောင်စေသောအရှင်မှာ ထာဝရဘုရားပင်ဖြစ်၏။ Common Language Bible ရှမွေလသည်ဆက်လက်၍``မောရှေနှင့်အာရုန် တို့ကိုရွေးချယ်တော်မူသောသင်တို့၏ဘိုး ဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောအရှင်ကားထာဝရ ဘုရားပင်ဖြစ်၏။- Garrad Bible တစ် ဖန် ရှ မွေ လ က၊ ထို ဘု ရား ကား မော ရှေ နှင့် အာ ရုန် တို့ ကို ခန့် ထား၍ သင် တို့ ဘိုး ဘေး များ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘု ရား ပေ တည်း။ Judson Bible တစ်ဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။ |
ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
“အစ္စရေးအမျိုးသားတို့ကို အဖွဲ့အလိုက် အီဂျစ်ပြည်ထဲမှ ထုတ်ဆောင်လော့”ဟု ထာဝရဘုရားအမိန့်ပေးခြင်းခံရသောသူများကား အာရုန်နှင့်မောရှေပေတည်း။
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ ထွက်သွားခွင့်ပေးရန် အီဂျစ်ဘုရင်ဖာရောမင်းကြီးအား ပြောဆိုခဲ့သောသူများကား အာရုန်နှင့်မောရှေပင်တည်း။
ထာဝရဘုရားသည် ပရောဖက်အားဖြင့် အစ္စရေးကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ ပရောဖက်အားဖြင့် စောင့်ရှောက်တော်မူခဲ့၏။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။