Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 105:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ကိုယ်တော်​သည် မိမိ​အစေအပါး​မောရှေ​နှင့် မိမိ​ရွေးချယ်​ထား​သော အာရုန်​တို့​ကို စေလွှတ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့် ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ကျွန် တော် ရင်း မော ရှေ နှင့်၊ ရွေး ကောက် တော် မူ သော အာ ရုန် ကို စေ လွှတ် တော် မူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 တစ်​ဖန် မိ​မိ​ကျွန်​မော​ရှေ​နှင့် ရွေး​ကောက်​တော်​မူ​သော​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 105:26
22 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မောရှေ​နှင့်​အာရုန်​တို့​လက်​ဖြင့် မိမိ​၏​လူမျိုး​တော်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​၏​။


ထို​ကျောက်​နှစ်​လုံး​ကို အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​ကျောက်​အဖြစ် ဧဖုဒ်​၏​ပခုံးသိုင်းကြိုး​အပေါ်​၌ တပ်​ရ​မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့ဖွယ်​အဖြစ် သူ​တို့​၏​အမည်​ကို အာရုန်​သည် သူ​၏​ပခုံး​နှစ်​ဖက်​၌ ဆောင်​ရ​မည်​။


ထို့ကြောင့် သင့်​ကို ဖာရော​မင်းကြီး​ထံသို့ ငါ​စေလွှတ်​၏​။ သင်​သွား​၍ ငါ​၏​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က အာရုန်​အား “​မောရှေ​ကို​ကြိုဆို​ရန် တောကန္တာရ​သို့​သွား​လော့​”​ဟု မိန့်​တော်မူ​သဖြင့် အာရုန်​သည် သွား​၍ ဘုရားသခင်​၏​တောင်​တော်​၌ မောရှေ​နှင့်​တွေ့ဆုံ​လျှင် သူ့​ကို​နမ်း​လေ​၏​။


ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် သွား​၍ အစ္စရေး​အမျိုးသား​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို စုဝေး​စေ​ကြ​၏​။


“​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် သူ​၏​ပြည်​ထဲမှ အစ္စရေး​အမျိုးသား​တို့​ကို​လွှတ်ပေး​ရန် သွား​၍​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က​လည်း မောရှေ​အား “​ကြည့်ရှု​လော့​။ သင့်​ကို ဖာရော​မင်းကြီး​၏​ဘုရား​ကဲ့သို့ ငါ​ဖြစ်​စေ​ပြီ​။ သင်​၏​အစ်ကို​အာရုန်​သည် သင်​၏​ပရောဖက်​ဖြစ်​မည်​။


သူ​တို့​သည် အသီးသီး​မိမိ​တို့​၏​တောင်ဝှေး​ကို ပစ်ချ​ကြ​သောအခါ မြွေနဂါး​များ​ဖြစ်သွား​၏​။ သို့ရာတွင် အာရုန်​၏​တောင်ဝှေး​သည် သူ​တို့​၏​တောင်ဝှေး​များ​ကို​မျို​လေ​၏​။


ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ရွေးနုတ်​ခေါ်ဆောင်​ခဲ့​ပြီ​။ သင့်​ကို​ဦးဆောင်​မည့် မောရှေ​၊ အာရုန်​နှင့်​မိရိအံ​တို့​ကို စေလွှတ်​ပေး​ခဲ့​ပြီ​။


ဤသည်ကား ကောရ​နှင့်​သူ​၏​အပေါင်းပါ​တို့​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​တော်​၌ နံ့သာပေါင်း​မီးရှို့​ဖို့ အာရုန်​၏​သားစဉ်မြေးဆက်​မ​ဟုတ်​သည့်​သာမန်လူ​တစ်စုံတစ်ယောက်​မျှ​မ​ချဉ်းကပ်​မိ​စေရန် အစ္စရေး​အမျိုးသား​တို့ အမှတ်ရစရာ​ဖြစ်​၏​။


ငါ​သည် မောရှေ​နှင့်​အာရုန်​ကို​စေလွှတ်​၍ အီဂျစ်​ပြည်​၌ ဘေးအမျိုးမျိုး​ကျရောက်​စေ​ခြင်း​အားဖြင့် ဒဏ်ခတ်​ပြီးနောက် သင်​တို့​ကို ထုတ်ဆောင်​ခဲ့​၏​။


တစ်ဖန် ရှမွေလ​က လူ​တို့​အား “​မောရှေ​နှင့်​အာရုန်​ကို ရွေးကောက်​ပြီး သင်​တို့​၏​ဘိုးဘေး​များ​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​စေ​သော​အရှင်​မှာ ထာဝရဘုရား​ပင်​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ