အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။
၁ ရာ 12:3 - မြန်မာ့စံမီသမ္မာကျမ်း ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။ Common Language Bible ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။ Garrad Bible ယ ခု ငါ ရှိ သေး စဉ် ထာ ဝ ရ ဘု ရား ရှေ့ ဘိ သိက် တော် ခံ မင်း ရှေ့၊ ငါ့ အ ပြစ် ကို ဖော် ပြ လော့။ ငါ သည် မည် သူ့ နွား မြည်း ကို လု ယူ ဘူး သ နည်း။ မည် သူ့ ကို ညှဉ်း ပန်း နှိပ် စက် ဘူး သ နည်း။ မည် သူ့ ထံ မှ မျက် နှာ ဖုံး အ ဖြစ် လက် ဆောင် ကို ခံ ဘူး သ နည်း။ ထို သို့ ပြု မိ လျှင် ငါ ပြန် ပေး မည် ဟု ဣ သ ရေ လ လူ အ ပေါင်း တို့ အား ဆို သော် Judson Bible ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏နွားကို ငါယူဖူးပြီနည်း။ အဘယ်သူ၏ မြည်းကိုယူဖူးပြီနည်း။ အဘယ်သူကို လှည့်စားဖူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဖူးပြီနည်း။ ကိုယ်မျက်စိကို ကွယ်စေခြင်းငှာ အဘယ်သူလက်မှ တံစိုးကိုခံဖူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသောသူရှေ့မှာ ငါ့တစ်ဖက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊ |
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။
ယခုပင် သူတို့၏လယ်များ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ အိမ်များနှင့် သူတို့ထံမှယူထားသော ငွေ၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီတို့၏အတိုးများကို ပြန်ပေးကြလော့”ဟု သူတို့အား ပြော၏။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။
တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောသူ၏စကားကို မှားယွင်းချွတ်ချော်စေတတ်၏။
မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။
သူသည် အပြစ်ပြု၍ အပြစ်သက်ရောက်သောကြောင့် လုယူထားသောပစ္စည်းကိုဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ရယူထားသောပစ္စည်းကိုဖြစ်စေ၊ ယုံကြည်၍အပ်နှံထားသောပစ္စည်းကိုဖြစ်စေ၊ တွေ့ထားသည့်ပစ္စည်းကိုဖြစ်စေ ပြန်ပေးရမည်။
မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။
ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။
သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကို တစ်ကြိမ်တစ်ခါမျှမသုံး၊ လောဘစိတ်ဖြင့်ဟန်ဆောင်ခြင်းလည်းမရှိခဲ့ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် ငါတို့၏သက်သေဖြစ်တော်မူ၏။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
သူတို့ကလည်း “အရှင်သည် အကျွန်ုပ်တို့ကို မလှည့်စားဖူးပါ။ မညှဉ်းဆဲဖူးပါ။ မည်သူ့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှလည်း မယူဖူးပါ”ဟု ပြန်ပြောကြ၏။
ရှမွေလကလည်း “သင်တို့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ မယူခဲ့ကြောင်း ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ယနေ့ ကိုယ်တော်၏ဘိသိက်ခံသူလည်း သက်သေဖြစ်၏”ဟု ဆိုလျှင် သူတို့ကလည်း “သက်သေဖြစ်ပါ၏”ဟု ဆိုကြ၏။
ငါ့အလိုတော်ကိုဆောင်၍ သစ္စာရှိသောယဇ်ပုရောဟိတ်တစ်ပါးကို ငါပေါ်ထွန်းစေမည်။ သူ့အမျိုးအနွယ်ကို စဉ်ဆက်မပြတ် တည်ရှိစေမည်။ သူသည် ငါဘိသိက်ပေးထားသောသူရှေ့တွင် အစဉ်ဝင်ထွက်သွားလာရလိမ့်မည်။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
ထို့ကြောင့် သူ့နောက်လိုက်တို့အား “ထာဝရဘုရား ဘိသိက်ပေးတော်မူသော ငါ့သခင်ကို ကိုယ်ထိလက်ရောက်ပြုခြင်းမှ ထာဝရဘုရားသည် ငါ့ကို ဆီးတားတော်မူပါစေသော။ အကြောင်းမူကား ထိုသခင်သည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏”ဟု ဆို၏။
ထိုသို့ ပြောဆိုခြင်းဖြင့် ဒါဝိဒ်သည် မိမိနောက်လိုက်တို့ကို တားဆီးလေ၏။ ရှောလုမင်းကြီးအား တိုက်ခိုက်ရန် အခွင့်မပေး။ ရှောလုမင်းကြီးသည်လည်း လိုဏ်ဂူထဲမှထွက်ပြီး ခရီးဆက်လေ၏။
ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုမိသည့်အပြစ်မှ ထာဝရဘုရားသည် ငါနှင့်ဝေးစေပါစေသော။ ယခု သူ့ခေါင်းရင်းရှိ လှံနှင့် သူ့ရေဘူးကို ယူပြီး ငါတို့ သွားကြစို့”ဟု ဆို၏။
သို့သော် ဒါဝိဒ်က အဘိရှဲအား “သူ့ကို မသတ်နှင့်။ ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုသောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော”ဟု ဆို၏။