နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။