မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
၁ ရာ 11:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက် Common Language Bible ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊- Garrad Bible ထို သ တင်း ကို ရှော လု မင်း ကြား သည် နှင့် တစ် ပြိုင် နက်၊ ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက်၍ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် သ ဖြင့် Judson Bible ထိုသတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်၍ ထိုသူသည် ပြင်းစွာအမျက်ထွက်လျက်၊ |
မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
(မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။)
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဂိဒေါင်အပေါ် သက်ရောက်တော်မူသဖြင့် သူသည် တံပိုးကိုမှုတ်လိုက်သောအခါ အဗျေဇာအမျိုးသားတို့သည် သူ့ထံ လာရောက်စုဝေးကြ၏။
တောင်ပေါ်သို့သူတို့ရောက်သောအခါ ပရောဖက်တစ်စုသည် သူ့ကိုကြိုဆိုကြ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ တမဟုတ်ချင်းဆင်းသက်၍ သူသည် သူတို့နှင့်အတူပရောဖက်ပြုလေ၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ တစ်မုဟုတ်ချင်းဆင်းသက်၍ သူတို့နှင့်အတူ ပရောဖက်ပြုပြီး လူသစ်တစ်ယောက်အဖြစ်ပြောင်းသွားလိမ့်မည်။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ယခုမှာ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းကြီးထံမှ ထွက်ခွာပြီး ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကို နှောင့်ယှက်လေ၏။