မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
၁ တိ 5:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကျမ်းစာက “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟူ၍လည်းကောင်း၊“အလုပ်လုပ်သောသူသည် လုပ်အားခကို ရထိုက်၏”ဟူ၍လည်းကောင်း ဆိုထား၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``စပါး နယ်နေသောနွားကိုပါးချုပ်မတပ်ရ'' ဟူ၍ လည်းကောင်း၊ ``အလုပ်သမားသည်လုပ်အားခ ကိုခံထိုက်ပေ၏'' ဟူ၍လည်းကောင်းဖော်ပြ သောကြောင့်ဖြစ်၏။- Judson Bible အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏နှုတ်ကို မချုပ်တည်းရဟု ကျမ်းစာလာ၏။ တစ်ချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “စပါးနယ်နေသည့် နွား၏နှုတ်ကို ပါးချုပ်မတပ်နှင့်” ဟူ၍လည်းကောင်း၊ “အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်၏” ဟူ၍လည်းကောင်း ဆိုထားသောကြောင့်ဖြစ်၏။ |
မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏။
ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရောဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသောအခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။
ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။
အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏။
ထိုနည်းတူ ကောင်းမြတ်သောသတင်းကို ဟောပြောသောသူတို့သည်လည်း ကောင်းမြတ်သောသတင်းအားဖြင့် အသက်မွေးကြရန် သခင်ဘုရားမိန့်မှာတော်မူခဲ့၏။
ဘုရားသခင်သည် လူမျိုးခြားတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူမည်ဖြစ်ကြောင်း ကျမ်းစာသည် ကြိုတင်သိမြင်၍ အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်”ဟူသည့် ကောင်းမြတ်သောသတင်းကို ကြိုတင်ဟောပြောလေ၏။
သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။