အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ တိ 3:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​၏​ဇ​နီး​များ​သည်​လည်း​စာ​ရိတ္တ​ကောင်း မွန်​သူ​များ​ဖြစ်​ရ​မည်။ အ​တင်း​ပြော​ဆို​တတ် သူ​များ​မ​ဖြစ်​စေ​ရ။ ဣန္ဒြေ​ရှိ​သူ၊ အ​ရာ​ရာ​၌ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို နည်း တူ မိန်း မ တို့ လည်း ရို သေ ဖွယ် သူ၊ ကုန်း မ ချော သူ၊ သ တိ ရှိ သူ၊ အ ရာ ရာ တွင် သ စ္စာ စောင့် သူ ဖြစ် ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုနည်းတူ သူတို့​၏ ဇနီးတို့​သည်လည်း ကိုယ်ကျင့်တရား​ကောင်းသူများ​ဖြစ်ရမည်။ အတင်းအဖျင်း​မပြောသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ အရာရာ​၌ ယုံကြည်​စိတ်ချရသူ ဖြစ်ရမည်။

အခန်းကိုကြည့်ပါ။



၁ တိ 3:11
23 ပူးပေါင်းရင်းမြစ်များ  

မိမိ​၏​အိမ်နီးချင်း​ကို ကွယ်ရာ​တွင် မတရား​စွပ်စွဲ​ပြောဆို​သော​သူ​ကို အကျွန်ုပ်​ဖယ်ရှားသုတ်သင်​ပါ​မည်​။ ဘဝင်မြင့်​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​ရှိ​သူ​ကို အကျွန်ုပ်​သည်းခံ​မည်​မ​ဟုတ်​ပါ​။


မိမိ​နှုတ်​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊


သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။


မုန်းတီး​ခြင်း​ကို​ဖုံးကွယ်​ထား​သော​သူ​၌ မုသား​နှုတ်ခမ်း​ရှိ​၏​။ အသရေပျက်​စေ​သော​စကား​ကို ဖြန့်​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။


သစ္စာရှိ​သော​စေတမန်​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက် ရိတ်သိမ်း​ရာ​ကာလ​၌​ကျ​သော အေးမြ​သည့်​နှင်းပွင့်​ကဲ့သို့​ဖြစ်၍ သူ့​သခင်​တို့​၏​စိတ်ဝိညာဉ်​ကို လန်းဆန်း​စေ​တတ်​၏​။


“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။


မုဆိုးမ​၊ တစ်ခုလပ်​တို့​ကို မယား​အဖြစ်​မ​ယူ​ရ​။ အစ္စရေး​အမျိုးအနွယ်​ထဲမှ အပျိုကညာ​များ​နှင့် သေ​သွား​သော​ယဇ်ပုရောဟိတ်​၏​မယား မုဆိုးမ​ကို​မူ မယား​အဖြစ်​ယူ​နိုင်​၏​။


သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​သောကြောင့် ပြည့်တန်ဆာ​လုပ်​၍ အသရေမရှိ​သော​မိန်းမ​ကို မ​ယူ​ရ​။ လင်ယောက်ျား​နှင့်​ကွာရှင်း​ထား​သော​မိန်းမ​ကို မ​ယူ​ရ​။


ထို့နောက် ယေရှု​သည် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​ရန် ဝိညာဉ်​တော်​အားဖြင့် တော​ကန္တာရ​သို့​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။


ယေရှု​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေးကောက်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင်​တို့​ထဲမှ​တစ်​ဦး​သည် မာရ်နတ်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊


ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။


ထို့ကြောင့် ကြီးကြပ်​သူ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ သမ္မာသတိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်ပတ်​စွာ​ပြုမူ​သော​သူ၊ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။


မိမိ​တို့​သခင်​သည် ယုံကြည်​သူ​ဖြစ်​လျှင် သခင်​သည် ညီအစ်ကို​ဖြစ်​သည်​ဟု​ဆိုလျက် မထီမဲ့မြင်​မ​ပြု​ဘဲ သာ၍​ကောင်းစွာ​အစေခံ​ကြ​စေ။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အစေခံ​ခြင်း​၏​အကျိုး​ကို ခံစားရ​သော​သခင်​သည် ယုံကြည်​သူ​ဖြစ်​ပြီး မိမိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အရာ​များ​ကို​သွန်သင်​၍ တိုက်တွန်း​နှိုးဆော်​လော့။


ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ ရန်ငြိုး​ဖွဲ့​သော​သူ၊ ကုန်းချော​တတ်​သော​သူ၊ မိမိ​စိတ်​ကို​မချုပ်တည်း​နိုင်​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ ကောင်း​သော​အမှု​ကို​မုန်း​သော​သူ၊


သင်​မူကား အရာရာ​၌ သမ္မာသတိ​ရှိ​လော့။ ဆင်းရဲ​ဒုက္ခ​ကို​ခံ​၍ ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​ပြု​ရ​မည့်​အမှု​ကို ပြု​လော့။ သင်​၏​အမှု​တော်​လုပ်ငန်း​ကို အပြည့်အဝ​ဆောင်ရွက်​လော့။


ထိုနည်းတူ အသက်ကြီး​သော​အမျိုးသမီး​တို့​အား ဓမ္မဝတ်​နှင့်​ထိုက်တန်​သော​သူ​များ​ကဲ့သို့​ပြုမူ​လျက် ကုန်းချော​တတ်​သော​သူ၊ စပျစ်​ဝိုင်​၏​ကျေးကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်းမြတ်​သော​အရာ​ကို​သင်ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟောပြော​လော့။


မည်သူ့​ကို​မျှ စော်ကား​ပြောဆို​ခြင်း၊ ရန်တွေ့​ခြင်း​မ​ပြု​ဘဲ ညင်သာ​သော​သဘော​ရှိ​လျက် လူ​အပေါင်း​တို့​အပေါ် နူးညံ့​သိမ်မွေ့​ခြင်း​ကို​ပြသ​ရန်​လည်းကောင်း သူ​တို့​အား သတိပေး​နှိုးဆော်​လော့။


သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။