Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12-13 ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ့ ကို သ စ္စာ ရှိ သည် ဟု မှတ် ယူ လျက် အ မှု တော် ဆောင် ခန့် ထား တော် မူ သော ကြောင့် ခွန် အား နှင့် ပြည့် စေ တော် မူ သော ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု၏ ကျေး ဇူး တော် ကို ငါ ချီး မွမ်း ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​တ​ရား​ကို ငါ၌​အပ်​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:12
26 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​အား ‘သင်​တို့​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့။ ထိုက်သင့်​သည့်​လုပ်အားခ​ကို သင်​တို့​အား ငါ​ပေး​မည်’​ဟု ဆို​သဖြင့် သူ​တို့​သည်​သွား​ကြ​၏။


သူ​သည် မိမိ​အိမ်သူအိမ်သား​များ​နှင့်အတူ ဗတ္တိဇံ​ခံ​ပြီး​သောအခါ “ကျွန်မ​သည် သခင်​ဘုရား​ကို​ယုံကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူဆ​လျှင် ကျွန်မ​အိမ်​သို့ လာရောက်​တည်းခို​ကြ​ပါ”​ဟု တောင်းပန်​လျက် ငါ​တို့​ကို​မရအရ​ဖိတ်ခေါ်​လေ​၏။


သို့သော် သခင်​ဘုရား​က“သွား​လော့။ ဤ​သူ​ကား လူမျိုးခြား​များ၊ ရှင်ဘုရင်​များ​နှင့် အစ္စရေး​အမျိုးသား​များ​ရှေ့​သို့ ငါ​၏​နာမ​ကို​ယူဆောင်​သွား​ရန် ငါ​ရွေးကောက်​ထား​သော​တန်ဆာပလာ​ဖြစ်​၏။


သို့သော် ရှောလု​သည် ခွန်အား​နှင့် ပို၍​ပြည့်စုံ​လာ​ပြီး ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း သက်သေ​ထူ​ကာ ဒမတ်စကပ်​မြို့​၌​နေထိုင်​ကြ​သော​ဂျူး​လူမျိုး​တို့​ကို အံ့ဩ​တွေဝေ​စေ​၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။


အပျို​ကညာ​တို့​နှင့်​ပတ်သက်၍​မူကား သခင်​ဘုရား​၏​ပညတ်ချက်​ကို ငါ​မ​ရရှိ​ခဲ့​ချေ။ သို့သော် သခင်​ဘုရား​၏​ကရုဏာ​တော်​ကို​ခံစား​ရ​သည့် ယုံကြည်​ထိုက်​သူ​တစ်​ဦး​အနေဖြင့် ငါ​၏​ထင်မြင်​ချက်​ကို​ပေး​ရ​မည်​ဆိုလျှင်


ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။


အကြောင်းမူကား သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။


ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။


ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို အပြည့်အဝ​ဟောပြော​စေရန် သင်​တို့​အတွက် ငါ့​အား​ပေး​တော်မူ​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​နှင့်အညီ ငါ​သည် ထို​အသင်းတော်​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။


ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်


ဤသည်ကား မင်္ဂလာရှိ​တော်မူ​သော​ဘုရားသခင်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကိုက်ညီ​၏။ ထို​ကောင်းမြတ်​သော​သတင်း​ကို ငါ့​အား​ယုံကြည်​အပ်နှံ​ထား​တော်မူ​ပြီ။


ယုံကြည်​ခြင်း​အားဖြင့် ငါ့​သား​စစ်​ဖြစ်​သော​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။


ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား


များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။


သို့သော် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို ငါ့​အား​အပြည့်အဝ​ဆောင်ရွက်​စေ​၍ လူမျိုးခြား​အပေါင်း​တို့​သည် ထို​နှုတ်ကပတ်တော်​ကို​ကြားသိ​မည့်​အကြောင်း သခင်​ဘုရား​သည် ငါ့​ဘက်​၌​ရပ်တည်​လျက် ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏။ ဤသို့ဖြင့် ငါ​သည် ခြင်္သေ့​ခံတွင်း​မှ ကယ်နုတ်​ခြင်း​ခံရ​၏။


ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။


ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင့်​အား တောင်းပန်​ခြင်း​အမှု​ကို​သာ​ပြု​ပါ​၏။ ဤသို့ အိုမင်း​သူ​ဖြစ်​ပြီး ယခု​မူကား ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​လည်း​ဖြစ်​သည့် ငါ​ပေါလု​သည်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ