၁ တိ 6:2 - မြန်မာ့စံမီသမ္မာကျမ်း2 မိမိတို့သခင်သည် ယုံကြည်သူဖြစ်လျှင် သခင်သည် ညီအစ်ကိုဖြစ်သည်ဟုဆိုလျက် မထီမဲ့မြင်မပြုဘဲ သာ၍ကောင်းစွာအစေခံကြစေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအစေခံခြင်း၏အကျိုးကို ခံစားရသောသခင်သည် ယုံကြည်သူဖြစ်ပြီး မိမိချစ်ရသောသူလည်းဖြစ်၏။ သင်သည် ဤအရာများကိုသွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။ အခန်းကိုကြည့်ပါ။Common Language Bible2 သခင်များသည်ယုံကြည်သူများဖြစ်လျှင် သူတို့သည်ညီအစ်ကိုများပင်ဖြစ်ကြသည် ဟုဆိုကာမလေးမခန့်မပြုရ။ မိမိတို့ ၏အစေခံမှုကြောင့်အကျိုးခံစားရသူ တို့မှာ မိမိတို့ချစ်မြတ်နိုးသောယုံကြည် သူများဖြစ်သောကြောင့် သူတို့၏အစေ ကိုပို၍ခံရကြပေမည်။ သင်ဆုံးမသြဝါဒပေးရာတွင်ဤအရာ များကိုဖော်ပြရမည်။- အခန်းကိုကြည့်ပါ။Garrad Bible2 တ ပည့် တော် ဖြစ် သော သ ခင့် အောက် နေ သူ တို့ လည်း ညီ အစ် ကို ချင်း ဖြစ် သော ကြောင့် မ ထီ လေး စား မ ပြု ဘဲ အ ကျိုး ဆက် ဆံ သော သ ခင် တို့ သည် ချစ် တော် မူ သော တ ပည့် တော် ဖြစ် သည့် အ တွက် အ ထူး ကျိုး နွံ ကြ စေ။ ထို အ တိုင်း သင် ကြား နှိုး ဆော် လော့။ အခန်းကိုကြည့်ပါ။Judson Bible2 သခင်သည် ယုံကြည်သောသူဖြစ်လျှင်၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့်၊ မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ၍ အစေခံစေ။ ဤသို့ဆုံးမဩဝါဒပေး၍ တိုက်တွန်းသွေးဆောင်လော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 မိမိသခင်သည် ယုံကြည်သောသူဖြစ်လျှင် ယုံကြည်သူချင်းပင် ဖြစ်သည်ဟု မှတ်ယူလျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်က မိမိအစေခံသောသူမှာ ချစ်ခင်ရသည့် ယုံကြည်သူပင် ဖြစ်သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်သည် ဤအရာများကို အလေးထားသွန်သင်၍ တိုက်တွန်းလော့။ အခန်းကိုကြည့်ပါ။ |
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။