Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို သူ တို့ သည် စစ် ဆေး ခံ၍ အ ပြစ် ကင်း မှ ဆောင် ရွက် ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သူ​တို့​သည်​လည်း ရှေ့​မ​ဆွ​က စုံ​စမ်း​ခြင်း​ကို ခံ​ကြ​စေ။ နောက်​မှ အ​ပြစ်​တင်​ခွင့်​နှင့်​ကင်း​လွတ်​လျှင်၊ သင်း​ထောက်​လုပ်​ကြ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို​သူတို့​သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့​၌ အပြစ်ဆိုဖွယ်​မရှိ​လျှင် သင်းထောက်​အဖြစ် ခန့်အပ်​နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 3:10
9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။


ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။


အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။


ထို့ကြောင့် ကြီးကြပ်​သူ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ သမ္မာသတိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်ပတ်​စွာ​ပြုမူ​သော​သူ၊ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။


သူ​သည် ယုံကြည်​ခါစ​လူ​မ​ဖြစ်​ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်​လျက် မာရ်နတ်​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ထဲသို့ ကျရောက်​မည်​ဟု စိုးရိမ်​စရာ​ရှိ​၏။


မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။


ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ