သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
၁ တိ 1:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့အခိုင်အမာခံယူထားသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများဖြစ်လိုကြ၏။ Common Language Bible ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။ Judson Bible အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့ အသေအချာသွန်သင်နေသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။ |
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ကိုယ်တော်က“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော။
သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်၌ ဆရာများကြားတွင်ထိုင်၍ သူတို့ကိုနားထောင်လျက် မေးမြန်းလျက်နေသည်ကို မိဘတို့တွေ့ကြ၏။
လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး
ဤအချက်ကိုသာ သင်တို့ထံမှ ငါသိလို၏။ သင်တို့သည် ဝိညာဉ်တော်ကို ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် ခံယူရရှိကြသလော၊ သို့မဟုတ် ကြားနာ၍ယုံကြည်သောအားဖြင့် ခံယူရရှိကြသလော။
သို့ဖြစ်လျှင် ဝိညာဉ်တော်ကို သင်တို့အားပေးတော်မူ၍ သင်တို့ထဲ၌ တန်ခိုးနှင့်ပြည့်စုံသောအမှုကို ပြုတော်မူသောအရှင်သည် သင်တို့၏ပညတ်တရားနှင့်ဆိုင်သောအကျင့်ကြောင့် ထိုသို့ပြုတော်မူသလော၊ သို့မဟုတ် သင်တို့ကြားနာ၍ယုံကြည်သောကြောင့် ထိုသို့ပြုတော်မူသလော။
ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။
ထိုသူသည် ဘဝင်မြင့်၍ မည်သည့်အရာကိုမျှမသိဘဲ အငြင်းပွားမှုနှင့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းတို့၌သာ စွဲလမ်းနေသူဖြစ်၏။ ထိုအရာများကြောင့် မလိုမုန်းထားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် ဆိုးညစ်သောသံသယစိတ်ရှိခြင်းစသည်တို့ဖြစ်ပေါ်လာတတ်၏။
ထိုမိန်းမတို့သည် အမြဲသင်ယူနေကြသော်လည်း မည်သည့်အခါမျှ သမ္မာတရားကိုသိရှိခြင်းသို့ မရောက်နိုင်ကြ။
ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်ကြသောငါတို့သည် ပို၍တင်းကျပ်သောတရားစီရင်ခြင်းကိုခံရမည်ဖြစ်ကြောင်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနှင့်။
သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍