၁ တိ 6:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုသူသည် ဘဝင်မြင့်၍ မည်သည့်အရာကိုမျှမသိဘဲ အငြင်းပွားမှုနှင့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းတို့၌သာ စွဲလမ်းနေသူဖြစ်၏။ ထိုအရာများကြောင့် မလိုမုန်းထားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် ဆိုးညစ်သောသံသယစိတ်ရှိခြင်းစသည်တို့ဖြစ်ပေါ်လာတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible4 မာနကြီးလျက်အဘယ်အမှုအရာကို မျှမသိသူတည်း။ သူသည်စကားအသုံး အနှုန်းနှင့်စပ်လျဉ်း၍ ငြင်းခုံခြင်းဝါသနာ ထုံသောသူဖြစ်သည်။ ထိုအပြုအမူသည် မနာလိုမှု၊ အငြင်းပွားမှု၊ စော်ကားမှု၊ ဆိုးရွားသောမယုံသင်္ကာရှိမှု၊- အခန်းကိုကြည့်ပါ။Garrad Bible4-5 မာ န ကြီး သော လူ မိုက် ဖြစ် သည့် ပြင် စော ဒ နာ တက် ခြင်း နှင့် ဆွေး နွေး ချက် များ ခြင်း ကြောင့် မ ကျန်း မ မာ ဖြစ်၏။ ထို ဆွေး နွေး ချက် များ ကြောင့် ငြူ စူ ခြင်း၊ ခိုက် ရန် ဖြစ် ခြင်း၊ ကုန်း ချော ခြင်း၊ မ ကောင်း ထင် မြင် ခြင်း များ မှ စ၍ ဘု ရား တ ရား ကြည် ညို ဝတ်၌ အ ကျိုး စီး ပွား ရှိ သည် ဟု အောက် မေ့ သ ဖြင့် သ ဘော ဖောက် ပြန်၍ သ မ္မာ တ ရား လက် လွတ် သူ တို့၏ ငြင်း ခုံ ခြင်း များ ဖြစ် ပွား တတ်၏။ အခန်းကိုကြည့်ပါ။Judson Bible4 မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 မည်သည့်အရာကိုမျှ နားမလည်သူဖြစ်၏။ သူတို့သည် စကားလုံးအသုံးအနှုန်းများနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်၏။ ထိုအပြုအမူသည် တစ်ဦးနှင့်တစ်ဦး မနာလိုခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဆိုးညစ်သောသံသယစိတ်ရှိခြင်းတို့ ဖြစ်လာစေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ