Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သူတို့​သည် မိမိတို့​ပြောဆိုသော​အရာများ​နှင့် မိမိတို့ အသေအချာ​သွန်သင်နေသော​အရာများ​ကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ဘယ်​သို့​သော​တ​ရား​ဘက်၌ မိ​မိ​တို့​ခိုင်​မာ​စွာ နေ​သည်​ကို မ​သိ​ဘဲ​လျက်၊ နိဿ​ရည်း​ဆ​ရာ​လုပ်​ချင်​ကြ သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​တို့​သည် မိမိ​တို့​ပြောဆို​သော​အရာ​များ​နှင့် မိမိ​တို့​အခိုင်အမာ​ခံယူ​ထား​သော​အရာ​များ​ကို​ပင် နား​မ​လည်​ဘဲ ကျမ်းတတ်​ဆရာ​များ​ဖြစ်​လို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:7
20 ပူးပေါင်းရင်းမြစ်များ  

သူတို့​ဘာသာ ရှိပါစေ။ ထို​သူတို့​သည် မျက်မမြင်တို့​ကို လမ်းပြသော​မျက်မမြင်များ​ဖြစ်ကြ၏။ မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​ကို လမ်းပြ​ပါက နှစ်ဦးလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သူတို့​က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု​အား ဖြေဆိုကြ၏။ ထိုအခါ ယေရှု​က “ငါ​သည်လည်း မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေကြောင်း​ကို သင်တို့​အား​မပြောနိုင်” ဟု ထို​သူတို့​အား မိန့်တော်မူ၏။


သုံးရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်တော်​အတွင်း ဆရာများ​အလယ်​၌​ထိုင်​၍ သူတို့​၏​စကား​ကို နားထောင်​ကာ ဆွေးနွေးမေးမြန်း​လျက်​နေသည်​ကို တွေ့ရှိကြလေ၏။


ယုဒပြည်​မှ ဆီးရီးယားပြည်​ရှိ အန္တိအုတ်မြို့​သို့ ဆင်းလာကြသော​လူ​တချို့​သည် ယုံကြည်သူတို့​အား “သင်တို့​သည် မောရှေ​၏​ပညတ်တရား​နှင့်အညီ အရေပြားလှီးခြင်း​မင်္ဂလာ​မခံယူ​ပါက ကယ်တင်ခြင်း​ကို ခံစားခွင့်​မရပါ” ဟု သွန်သင်ကြ၏။


သူတို့​သည် မိမိကိုယ်ကိုယ် ပညာရှင်များ​ဟု ကြွေးကြော်​လျက်ပင် ပညာမဲ့များ​ဖြစ်လာကြ၏။


သင်တို့​ထံမှ ကျွန်ုပ်​သိလိုသော​အရာ တစ်ခု​သာ ရှိ၏။ သင်တို့​သည် ဝိညာဉ်တော်​ကို ခံယူရရှိ​ရာတွင် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ခံယူရရှိသလော။ သို့မဟုတ် ကြားနာရသော သတင်းကောင်း​ကို ယုံကြည်ခြင်း​အားဖြင့် ခံယူရရှိသလော။


ထပ်မံ​၍ မေးလိုသည်​မှာ ဘုရားသခင်​သည် သင်တို့​အား ဝိညာဉ်တော်​ကို ပေးတော်မူ​၍ သင်တို့​အလယ်​၌ အံ့ဖွယ်​တန်ခိုးတို့​ကို ပြတော်မူသည်​မှာ ပညတ်တရား​ကို သင်တို့​လိုက်နာ​သောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်း​ကို သင်တို့​ယုံကြည်​သောကြောင့်လော။


ပညတ်တရား​လက်အောက်​၌ နေလိုသော​သူတို့… ကျွန်ုပ်​မေးပါမည်။ ပညတ်တရား​၌ မည်သို့​ဆိုထားသည်​ကို နားမလည်ကြသလော။


မည်သည့်​အရာ​ကိုမျှ နားမလည်သူ​ဖြစ်၏။ သူတို့​သည် စကားလုံး​အသုံးအနှုန်းများ​နှင့်​ပတ်သက်၍ ငြင်းခုံရခြင်း​ကို နှစ်သက်၏။ ထို​အပြုအမူ​သည် တစ်ဦး​နှင့်​တစ်ဦး မနာလိုခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဆိုးညစ်သော​သံသယစိတ်​ရှိခြင်းတို့ ဖြစ်လာ​စေ၏။


ထို​အမျိုးသမီးတို့​သည် အခြားသော​သွန်သင်မှုများ​ကို အစဉ်အမြဲ​ခံယူ​သော်လည်း သမ္မာတရား​ကိုမူ မည်သည့်အခါ​မျှ နားမလည်ကြ။


ညီအစ်ကို​မောင်နှမတို့… ဆရာ​ဖြစ်ကြသော​ကျွန်ုပ်တို့​သည် အခြားသူတို့​ထက် ပို​၍ တင်းကျပ်​စွာ စီရင်​ခံရမည်​ကို သင်တို့​သိမှတ်​လျက် ဆရာ​ဖြစ်လိုသူ မများစေကြနှင့်။


သူတို့​သည် ဖမ်းဆီး​သတ်ဖြတ်ခြင်း​ခံရန်​အတွက် ပေါက်ဖွားလာပြီး ပင်ကို​ဗီဇ​အရ ဆင်ခြင်တုံ​တရားမဲ့သော တိရစ္ဆာန်များ​ကဲ့သို့ ဖြစ်ကြ​၍ မိမိတို့​နားမလည်သည့်​အရာများ​ကို စော်ကား​ပြောဆိုကြ၏။ သူတို့​သည် ထို​တိရစ္ဆာန်များ​ကဲ့သို့ပင် ပျက်စီးကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ