Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တ ရား နှင့် အ ညီ ဖော် ပြ လျက် ပ ညတ် တ ရား ကောင်း မွန် ကြောင်း ငါ တို့ သိ လျက် ပင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8-10 ပ​ညတ်​တ​ရား​ကို တ​ရား​သ​ဖြင့် ကျင့်​သော​သူ​အ​ဖို့ မ​ထား၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊ ဘု​ရား​တ​ရား​ကို မ​ရို​မ​သေ​ပြု​သော​သူ၊ မိ​ဘ​ကို​ညှဉ်း​ဆဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ လူ​ကို ခိုး​သွား​သော​သူ၊ မု​သား​စ​ကား​ကို သုံး​သော​သူ၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော​သူ​မှ​စ၍၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​မျှ​တို့​အ​ဖို့ ပ​ညတ်​တ​ရား​ကို ထား​သည်​ဟု သိ​မှတ်၍၊ ထို​တ​ရား​ကို တ​ရား​သ​ဖြင့်​သုံး​သော​သူ၌ ပ​ညတ်​တ​ရား​သည် အ​ကျိုး​ကို​ပေး​တတ်​သည်​ဟု ငါ​တို့ သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ပညတ်တရား​ကို မှန်ကန်​စွာ ကျင့်သုံး​လျှင် ပညတ်တရား​သည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:8
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သိနာ​တောင်​ပေါ်သို့​ကြွဆင်း​တော်မူ​၏​။ သူ​တို့​အား ကောင်းကင်​မှ​နှုတ်မြွက်​တော်မူ​၏​။ သူ​တို့​အား ဖြောင့်မှန်​သော​စီရင်ထုံးဖွဲ့ချက်​၊ မှန်ကန်​သော​တရား​၊ ကောင်းမြတ်​သော​ပြဋ္ဌာန်းချက်​နှင့် ပညတ်ချက်​တို့​ကို ပေး​တော်မူ​၏​။


သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။


ထိုသို့ ငါ​သည် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ပြု​နေ​သည်​ဆိုလျှင် ပညတ်​တရား​ကောင်းမြတ်​ကြောင်း​ကို ဝန်ခံ​ခြင်း​ဖြစ်​၏။


ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။


တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း


သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။


မည်သူမဆို အားကစား​ပြိုင်ပွဲ​ကို​ယှဉ်ပြိုင်​သောအခါ စည်းမျဉ်း​စည်းကမ်း​နှင့်အညီ မ​ယှဉ်ပြိုင်​ပါက သရဖူ​ကို​ရ​မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ