သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
၁ ကော 3:21 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မည်သူမျှ လူတို့အကြောင်းကိုမဝါကြွားနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာတို့ကို သင်တို့ပိုင်ဆိုင်၏။ Common Language Bible သို့ဖြစ်၍လူ၏စွမ်းရည်အကြောင်းကိုမည်သူ မျှမဝါကြွားစေနှင့်။ အမှန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုသင်တို့ပိုင်ကြ၏။- Garrad Bible သို့ ဖြစ်၍ လူ ကြောင့် မည် သူ မျှ ကိုယ် ကို ဂုဏ် မ တင် စေ နှင့်။ ရှိ ရှိ သ မျှ သည် သင် တို့ ပိုင် ဖြစ်၏။ Judson Bible ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှ လူတို့၌ ဝါကြွားခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့အဖို့ ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် လူ့ခေါင်းဆောင်များ၏ တပည့်ဖြစ်ကြောင်းကို မကြွားဝါကြနှင့်။ အရာအားလုံးကို သင်တို့ပိုင်ဆိုင်၏။ |
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
ကမ္ဘာလောကကိုအမွေဆက်ခံသူဖြစ်မည်ဟု အာဗြဟံ၊ သို့မဟုတ် သူ၏အမျိုးအနွယ်အား ပေးတော်မူသောကတိတော်သည် ပညတ်တရားကိုထောက်၍ ပေးတော်မူသည်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့်ဆိုင်သောဖြောင့်မတ်ခြင်းကိုထောက်၍ ပေးတော်မူ၏။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။
ခပ်သိမ်းသောအရာတို့သည် သင်တို့အတွက်ဖြစ်၏။ ဤသည်ကား များစွာသောသူတို့၌ ကျေးဇူးတော်သည်တိုးပွားလာသဖြင့် ဘုရားသခင်၏ဘုန်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ကြွယ်ဝပြည့်စုံစေမည့်အကြောင်းတည်း။
အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။