ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
၁ ကော 2:14 - မြန်မာ့စံမီသမ္မာကျမ်း ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။ Common Language Bible ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။- Garrad Bible ဘု ရား သ ခင့် ဝိ ညာဉ် တော် ဆိုင် ရာ များ ကို ဝိ ညာဉ် အား ဖြင့် သာ စီ စစ် သိ မြင် ခွင့် ရှိ သော ကြောင့် ပြ က တေ့ လူ သည် လက် မ ခံ၊ မ သိ မ မြင် နိုင် ဘဲ အ မိုက် ဟု ထင် မှတ် တတ်၏။ Judson Bible ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။ |
ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏”ဟု မိန့်တော်မူ၏။
သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
ယေရှုသည် ဤမျှလောက်များပြားသော နိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်၌ ပြုတော်မူသော်လည်း သူတို့သည် ကိုယ်တော်ကိုမယုံကြည်ကြပေ။
ထိုအရှင်မှာ သမ္မာတရား၏ဝိညာဉ်တော်ဖြစ်၏။ ဤလောကသည် ထိုအရှင်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် ထိုအရှင်ကိုမခံယူမရရှိနိုင်။ သို့သော် ထိုအရှင်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိနေမည်ဖြစ်သောကြောင့် သင်တို့သည် ထိုအရှင်ကိုသိကြ၏။
သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။
ခမည်းတော်ထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသည့် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
သို့သော် ၎င်းသည် သင်တို့၏ပညတ်တရား၊ စကား၊ အမည်နာမများနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်ဆိုလျှင် သင်တို့ကိုယ်တိုင် ကြည့်ရှုဖြေရှင်းရမည်။ ငါသည် ထိုအမှုမျိုးကိုတရားစီရင်သူ မဖြစ်လို”ဟု ဆိုလျက်
သူတို့၏ပြဿနာမှာ သူတို့၏ဘာသာတရားနှင့်ပတ်သက်သောအရာအချို့နှင့် အသက်ရှင်လျက်ရှိသည်ဟု ပေါလုပြောဆိုသည့် သေလွန်ပြီးသော ယေရှုဆိုသူတစ်ဦးနှင့်ပတ်သက်သည့် အရာများသာ ဖြစ်ပါသည်။
အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူတို့ထက် ခွန်အားကြီး၏။
ဇာတိကိုယ်ခန္ဓာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဝိညာဉ်ကိုယ်ခန္ဓာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ ဇာတိကိုယ်ခန္ဓာရှိလျှင် ဝိညာဉ်ကိုယ်ခန္ဓာလည်းရှိ၏။
သို့သော် ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဦးစွာဖြစ်သည်မဟုတ်။ ဇာတိနှင့်ဆိုင်သောအရာဖြစ်ပြီးမှ ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဖြစ်ပေါ်လာ၏။
ငါတို့သည် လောကီဝိညာဉ်ကို ခံယူရရှိကြသည်မဟုတ်ဘဲ ငါတို့အား ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို သိရှိနိုင်ရန် ဘုရားသခင်ထံမှလာသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။
သို့သော် ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ဝိညာဉ်သဘောရှိသောသူများကဲ့သို့ ဟောပြော၍မရဘဲ သွေးသားဇာတိ၌ရှိသောသူများကဲ့သို့လည်းကောင်း၊ ခရစ်တော်၌ ကလေးသူငယ်များကဲ့သို့လည်းကောင်း ဟောပြောရ၏။
ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
ထိုသူတို့သည် ကွဲပြားမှုကိုဖြစ်စေသောသူ၊ ဇာတိနှင့်ဆိုင်သောသူ၊ ဝိညာဉ်တော်ကိုမရသောသူများဖြစ်ကြ၏။