၁ ကော 2:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဝိညာဉ်သဘောရှိသောသူမူကား ခပ်သိမ်းသောအရာတို့ကို ပိုင်းခြား၍သိတတ်၏။ သို့သော် ထိုသူကို မည်သူကမျှ ပိုင်းခြား၍မသိနိုင်။ အခန်းကိုကြည့်ပါ။Common Language Bible15 ဝိညာဉ်တော်ကိုခံယူရရှိသူသည်အရာ ခပ်သိမ်း၏တန်ဖိုးကိုအကဲဖြတ်နိုင်၏။ သို့ ရာတွင်ထိုသူ့အားမည်သူမျှအကဲဖြတ် ၍မရ။- အခန်းကိုကြည့်ပါ။Garrad Bible15 ဝိ ညာဉ် သက် ဝင် သူ မူ ကား အ ရာ ရာ ကို စီ စစ် သိ မြင် လျက် မည် သူ့ ထံ မျှ အ စီ အ စစ် မ ခံ ရာ။ အခန်းကိုကြည့်ပါ။Judson Bible15 ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍ မသိနိုင်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ဝိညာဉ်တော်ကို ရရှိထားသောသူသည် အရာအားလုံးကို ပိုင်းခြားသိမြင်နိုင်၏။ သို့သော် ထိုသူကို မည်သူမျှ ပိုင်းခြား၍ မသိမြင်နိုင်ပေ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။