Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 14:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 14:17
30 ပူးပေါင်းရင်းမြစ်များ  

စိတ်နှလုံး​သည် မိမိ​၏​နာကြည်း​ခြင်း​ကို မိမိ​သိ​၏​။ မိမိ​၏​ဝမ်းမြောက်​ခြင်း​ကို​လည်း အခြား​မည်သူ​က​မျှ ဝင်ရောက်​ခံစား​၍​မ​ရ​ပေ​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ထာဝရဘုရား​က “​ဤသည်ကား သူ​တို့​နှင့်​ပြု​သော ငါ​၏​ပဋိညာဉ်​ဖြစ်​၏​။ သင်​၌​တည်​နေ​သော​ငါ​၏​ဝိညာဉ်​တော်​၊ သင့်​နှုတ်​၌​ငါ​ထား​သော ငါ​၏​နှုတ်ကပတ်တော်​သည် သင့်​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​၏​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​အဆက်ဆက်​၏​နှုတ်​မှ​လည်းကောင်း ယခု​မှစ၍ ကာလ​အစဉ်အဆက် တည်ရှိ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။


အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။


ငါ​သည်​လည်း ခမည်းတော်​ကို​တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် အခြား​သော​ကူညီ​မစ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​စေရန် သင်​တို့​အား​ပေး​တော်မူ​မည်။


ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။


ခမည်းတော်​ထံမှ သင်​တို့​ထံသို့ ငါ​စေလွှတ်​မည့် ကူညီ​မစ​သူ​တည်းဟူသော ခမည်းတော်​ထံမှ​လာ​သည့် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ ငါ့​အကြောင်း​ကို သက်သေခံ​လိမ့်မည်။


သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။


အမှန်စင်စစ် ငါ့​ခမည်းတော်​၏​အလို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏။


သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ငါ​သည် စိတ်​ဝိညာဉ်​အားဖြင့် ဆုတောင်း​၍ အသိစိတ်​အားဖြင့်​လည်း ဆုတောင်း​မည်။ စိတ်​ဝိညာဉ်​အားဖြင့် သီချင်း​ဆို​၍ အသိစိတ်​အားဖြင့်​လည်း သီချင်း​ဆို​မည်။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


သင်​တို့​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။


သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံမှ သင်​တို့​ရရှိ​ထား​သော သင်​တို့​အထဲ၌​တည်နေ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​ဗိမာန်​တော်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ သင်တို့ကိုယ်သင်တို့​မ​ပိုင်​ကြောင်း​ကို​လည်းကောင်း သင်​တို့​မ​သိ​ကြ​သလော။


သင်​တို့​သည် ယုံကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​၊ မ​ရှိ မိမိကိုယ်ကို​စမ်းသပ်​ကြ​လော့။ မိမိကိုယ်ကို​စစ်ဆေး​ကြ​လော့။ သင်​တို့​အထဲ၌ ယေရှု​ခရစ်တော်​ရှိ​ကြောင်း သင်တို့​ကိုယ်တိုင်​မ​သိ​ကြ​သလော၊ သို့မဟုတ် သင်​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။


ဘုရားသခင်​၏​ဗိမာန်​တော်​နှင့်​ရုပ်တု​တို့​အကြား​၌ မည်သို့သော​သဘော​တူညီ​မှု​ရှိ​သနည်း။ ဘုရားသခင်​က “ငါ​သည် သူ​တို့​အထဲတွင်​ကိန်းဝပ်​လျက် သူ​တို့​အလယ်၌​သွားလာ​ကာ သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​သည် အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​၏။


ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။


သင်​တို့​သည်​လည်း ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​ကိန်းဝပ်​တော်မူ​ရာ​အဖြစ်​သို့ ထို​သခင်​၌ အတူတကွ​တည်ဆောက်​ခြင်း​ခံရ​ကြ​၏။


ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ


ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။


သင်​၌​အပ်​ထား​သည့် ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​၌​ကိန်းဝပ်​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် စောင့်ရှောက်​လော့။


သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။


ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​၏။ ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​အား ပေး​တော်မူ​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​သိ​ကြ​၏။


သားသမီး​တို့၊ သင်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်နိုင်​ကြ​ပြီ။ အကြောင်းမူကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လောက​ဘက်​၌​ရှိ​သော​သူ​ထက် ကြီးမြတ်​တော်မူ​၏။


ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။


ဝိညာဉ်​တော်၊ ရေ၊ သွေး​တည်းဟူသော သက်သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တညီတညွတ်တည်း​ဖြစ်​ကြ​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ