၁ ကော 1:18 - မြန်မာ့စံမီသမ္မာကျမ်း18 အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible18 လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible18-19 ပ ညာ ရှိ တို့ ပ ညာ ကို ငါ ဖျက် ဆီး လျက် ဉာဏ် ကောင်း သူ တို့ ဉာဏ် ကို လည်း ငါ ကွယ် ပျောက် စေ မည် ဟူ သော ကျမ်း ချက် အ ရ ကား တိုင် တော် သ တင်း သည် ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ အ မိုက် ကယ် တင် ရာ လိုက် သော ငါ တို့၌ မူ ကား ဘု ရား သ ခင်၏ တန် ခိုး တော် ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible18 အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 လက်ဝါးကပ်တိုင်နှင့်ဆိုင်သော သတင်းစကားသည် ပျက်စီးမည့်သူတို့အတွက် မိုက်မဲသောသတင်းစကားဖြစ်၏။ ကယ်တင်ခြင်းခံရသည့် ကျွန်ုပ်တို့အတွက်မှာမူ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။