၁ ကော 11:17 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် သင်တို့၏စုဝေးခြင်းသည် ကောင်းကျိုးကိုဖြစ်စေသည်ထက် ဆိုးကျိုးကိုသာဖြစ်စေသောကြောင့် ဤညွှန်ကြားချက်ကိုပေးရာ၌ သင်တို့အား ငါမချီးမွမ်းနိုင်။ Common Language Bible သို့ရာတွင်အောက်ပါညွှန်ကြားချက်များကို ပေးရာတွင်သင်တို့အားငါမချီးမွမ်း။ သင် တို့၏ဝတ်ပြုခြင်းများသည်ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနေ၏။- Garrad Bible သို့ သော် လည်း သင် တို့ စည်း ဝေး ရာ၌ အ ကျိုး ရှိ သည် မ ဟုတ်။ အ ကျိုး ယုတ် သော ကြောင့် ယ ခု ထား မည့် ပ ညတ် နှင့် စပ်၍ ငါ မ ချီး မွမ်း ရ။ Judson Bible တစ်ဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှာ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယခုပေးမည့်ညွှန်ကြားချက်တွင် သင်တို့ကို ကျွန်ုပ်မချီးမွမ်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်တို့စုဝေးကြသောအခါ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေသောကြောင့်ပင် ဖြစ်၏။ |
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူများသည် ကောင်းသောအမှုကိုပြုသောသူအတွက် ကြောက်စရာမဟုတ်ဘဲ မကောင်းသောအမှုကိုပြုသောသူအတွက်သာ ကြောက်စရာဖြစ်၏။ သင်သည် အာဏာပိုင်ကိုမကြောက်ဘဲနေလိုလျှင် ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သူ၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်။
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
သို့ဖြစ်၍ သင်တို့သည် အတူတကွစုဝေးကြသောအခါ သခင်ဘုရား၏ပွဲတော်ကိုစားသောက်ရန် စုဝေးကြသည်မဟုတ်။
သင်တို့၌ စားသောက်ရန် အိမ်မရှိသလော။ သို့မဟုတ် သင်တို့သည် ဘုရားသခင်၏အသင်းတော်ကို မထီမဲ့မြင်ပြု၍ မရှိဆင်းရဲသားတို့ကို အရှက်ခွဲကြသလော။ ငါသည် သင်တို့ကို မည်သို့ပြောရမည်နည်း။ သင်တို့ကို ချီးမွမ်းရမည်လော။ ဤအမှု၌ ငါမချီးမွမ်းနိုင်။
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ၊ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။
ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။