၁ ကော 11:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 သို့ရာတွင် ယခုပေးမည့်ညွှန်ကြားချက်တွင် သင်တို့ကို ကျွန်ုပ်မချီးမွမ်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်တို့စုဝေးကြသောအခါ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေသောကြောင့်ပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible17 သို့ရာတွင်အောက်ပါညွှန်ကြားချက်များကို ပေးရာတွင်သင်တို့အားငါမချီးမွမ်း။ သင် တို့၏ဝတ်ပြုခြင်းများသည်ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနေ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 သို့ သော် လည်း သင် တို့ စည်း ဝေး ရာ၌ အ ကျိုး ရှိ သည် မ ဟုတ်။ အ ကျိုး ယုတ် သော ကြောင့် ယ ခု ထား မည့် ပ ညတ် နှင့် စပ်၍ ငါ မ ချီး မွမ်း ရ။ အခန်းကိုကြည့်ပါ။Judson Bible17 တစ်ဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှာ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သို့ရာတွင် သင်တို့၏စုဝေးခြင်းသည် ကောင်းကျိုးကိုဖြစ်စေသည်ထက် ဆိုးကျိုးကိုသာဖြစ်စေသောကြောင့် ဤညွှန်ကြားချက်ကိုပေးရာ၌ သင်တို့အား ငါမချီးမွမ်းနိုင်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။