၁ ကော 11:17 - မြန်မာ့စံမီသမ္မာကျမ်း17 သို့ရာတွင် သင်တို့၏စုဝေးခြင်းသည် ကောင်းကျိုးကိုဖြစ်စေသည်ထက် ဆိုးကျိုးကိုသာဖြစ်စေသောကြောင့် ဤညွှန်ကြားချက်ကိုပေးရာ၌ သင်တို့အား ငါမချီးမွမ်းနိုင်။ အခန်းကိုကြည့်ပါ။Common Language Bible17 သို့ရာတွင်အောက်ပါညွှန်ကြားချက်များကို ပေးရာတွင်သင်တို့အားငါမချီးမွမ်း။ သင် တို့၏ဝတ်ပြုခြင်းများသည်ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနေ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 သို့ သော် လည်း သင် တို့ စည်း ဝေး ရာ၌ အ ကျိုး ရှိ သည် မ ဟုတ်။ အ ကျိုး ယုတ် သော ကြောင့် ယ ခု ထား မည့် ပ ညတ် နှင့် စပ်၍ ငါ မ ချီး မွမ်း ရ။ အခန်းကိုကြည့်ပါ။Judson Bible17 တစ်ဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှာ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 သို့ရာတွင် ယခုပေးမည့်ညွှန်ကြားချက်တွင် သင်တို့ကို ကျွန်ုပ်မချီးမွမ်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်တို့စုဝေးကြသောအခါ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေသောကြောင့်ပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။