ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
၁ ကော 1:26 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော် မူခြင်းမခံရမီ အခြေအနေကိုစဉ်းစားဆင် ခြင်ကြလော့။ လူတို့အမြင်အားဖြင့်သင်တို့ အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုး ဇာတိကြီးမြင့်သူဟူ၍များစွာမပါမရှိ ပေ။- Garrad Bible ၎င်း ပြင် ညီ အစ် ကို တို့၊ သင် တို့၏ ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ ကို ထောက် ရှု ဦး လော့။ လော ကီ ပ ညာ ရှိ သူ၊ အ ကြီး အ ကဲ ဖြစ် သူ၊ အ မျိုး မြတ် သူ အ များ ပါ သည် မ ဟုတ်။ Judson Bible ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ဘုရားသခင်ရွေးချယ်တော်မူစဉ်က ရှိခဲ့သော သင်တို့၏ အခြေအနေကို ပြန်လည်ဆင်ခြင်ကြည့်လော့။ လူတို့အမြင်အရဆိုလျှင် သင်တို့ထဲတွင် ပညာရှင်များစွာ မပါခဲ့ကြ။ ဩဇာကြီးသူများစွာ မပါခဲ့ကြ။ မြင့်မြတ်သူဟူ၍ များစွာ မပါခဲ့ကြ။ |
ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
သို့ဖြစ်၍ လူတို့သည် ကိုယ်တော့်ကို ကြောက်ရွံ့ကြပါ၏။ မိမိကိုယ်ကို ပညာရှိဟု မှတ်ယူသူတို့အား ကိုယ်တော် အရေးစိုက်တော်မမူ”ဟု ဆိုလေ၏။
အဖိနှိပ်ခံရသူများ၊ ဆင်းရဲသားများကို သင့်ထံတွင် ငါချန်ထားမည်။ သူတို့သည် ထာဝရဘုရား၏နာမတော်၌ ခိုလှုံကြလိမ့်မည်။
အလုံးစုံတို့ကို အစမှစ၍ သေချာစွာစိစစ်လေ့လာခဲ့သောငါသည်လည်း အသင် သင်ယူခဲ့ပြီးသောအကြောင်းအရာများ ဧကန်အမှန်ဖြစ်ကြောင်းသိရှိစေရန် ၎င်းတို့ကို အသင့်ထံ အစဉ်လိုက်ရေးသားသင့်သည်ဟုထင်မှတ်ပါ၏။
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။
ထိုသူသည် ဉာဏ်ထက်မြက်သူတစ်ဦးဖြစ်သည့် အုပ်ချုပ်ရေးမှူးသေရဂိပေါလုနှင့်အတူရှိနေ၏။ ထိုအုပ်ချုပ်ရေးမှူးသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ကြားနာလို၍ ဗာနဗနှင့်ရှောလုတို့ကို ဖိတ်ခေါ်လေ၏။
သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။
အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။
ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို ငါတို့ဟောပြောသောအခါ လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်က သင်ကြားပေးသောစကားအားဖြင့် ဟောပြော၍ ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို ဝိညာဉ်သဘောအားဖြင့် နှိုင်းယှဉ်သုံးသပ်ကြ၏။
ဤလောကကိုအုပ်ချုပ်သူများတွင် မည်သူကမျှ ထိုဉာဏ်ပညာကိုမသိချေ။ သူတို့သိခဲ့လျှင်မူကား ဘုန်းအသရေနှင့်ပြည့်စုံတော်မူသောသခင်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ခဲ့ကြမည်မဟုတ်။
သန့်ရှင်းသူအားလုံး အထူးသဖြင့် ဆီဇာဧကရာဇ်၏နန်းတော်၌ရှိသောသူတို့က သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။